အပိုင်း ၃၀

4.4K 557 9
                                    

Unicode

  
မုန့်ဝူယုံးကို ကိုင်တွယ်ရန် ဟန်ရှောင်လင်လွှတ်လိုက်သော သက်တော်စောင့်တစ်ယောက် ချင်းလျန်နန်းဆောင်ရောက်လာချိန်မှာတော့ မီးကလောင်ကျွမ်းနေပြီဖြစ်ကာ အကုန်လုံးက ဗြောင်းဆန်နေပြီဖြစ်သည်။ သက်တော်စောင့်မှာ နေရာစုံလိုက်ရှာပါသော်လည်း မတွေ့ခဲ့ပါပေ။
  
ကံမကောင်းရှာသော သက်တော်စောင့်လေးမှာ တစ်ညလုံးလုံး နန်းတော်တွင်းမှာ လိုက်ရှာနေခဲ့ရသည်။နေ့လည်နားချိန်ရောက်တော့မှဟန်ရှောင်လင်၏ ဝူကျိနန်းဆောင်ကနေ ရေနွေး ၇ခါ ရှစ်ခါလောက်တောင်းကြောင်း ကြားသိလိုက်ရ၏။ ထိုအခါမှ သူရုတ်တရက်သဘောပေါက်သွားတော့သည်။
  
လူကို ရှာမရတာ အံ့ဩစရာမဟုတ်တော့! ရာရာစစ အရှင့်အိပ်ရာပေါ် သွားပုန်းနေသတဲ့လား!
  
အလယ်မှာ ဖြစ်ပျက်သွားသည့်အကြောင်းအရာတွေကိုတော့ အပြင်လူတွေ မသိကြပါပေ။ တကယ်တော့ မုန့်ဝူယုံးက ချင်းလျန်နန်းဆောင်ကနေ ထွက်ပြေးလာပြီးနောက်မှာ ဝူကျိနန်းဆောင်ထဲခိုးဝင်ပုန်းနေခဲ့တာ ဖြစ်သည်။ ဟန်ရှောင်လင် သူမကို တွေ့သွားချိန်မှာ ပြောထားသလို ခြေလက်တွေ ဖြတ်မပစ်ဘဲ ထိုအစား ယခင်ကခံစားချက်တွေပြန်ပေါ်လာကာ တစ်ညလုံးလုံး ပြည့်ပြည့်ဝဝစားသုံးလေတော့သည်။
  
"လူမဟုတ်တဲ့ကောင်!"

လင်ကူး၏ ခန္ဓာကိုယ်က ဒေါသကြောင့် တုန်ယင်နေသည်။

"ဟန်ဘုရင်က ဒီလိုလုပ်မှတော့ မင်းသမီးမျက်နှာ ဘယ်သွားထားရမလဲ!"
  
စန်းယွမ်ယွမ်က အသိပြန်ဝင်လာရင်း အလေးအနက်ထားမနေခဲ့။

"သူက အစကတည်းက အဲ့လိုလူပဲလေ"
  
မနေ့က ဟန်ရှောင်လင်မှာ ယုံးဝူမင့်၏ လက်အောက်မှာ ဒေါသနှင့် မကျေမချမ်းမှုတွေကို ကြုံထားရသည်ဖြစ်ရာ သူ၏ နတ်ဆိုးမီးတောက်တွေကို ဖောက်ထုတ်ဖို့နေရာတစ်ခု လိုကိုလိုအပ်နေမည်ပင်။ စန်းယွမ်ယွမ်ခန္ဓာကိုယ်က ခုထိသက်သာမလာသေးသည့်အပြင် ဒီအချိန်မျိုးမှာမှ မုန့်ဝူယုံးက သူ့ပါးစပ်ထဲ သူမကိုယ်သူမ လာထည့်ချေရာ ဟန်ရှောင်လင်မှာ မည်သို့ လွှတ်ပေးနိုင်လိမ့်မည်နည်း။

သို့ပေမဲ့ ကြင်ကြင်နာနာတစ်ညတာ ပြီးသွားသည့်နောက်မှာ ဟန်ရှောင်လင်က မုန့်ဝူယုံး၏ လက်ချောင်းတစ်ချောင်းကိုတောင် ထိပါး(ဖြတ်ပစ်)ဖို့ တွန့်ဆုတ်နေလောက်လား။ မနေလောက်လားတော့ မသိပါချေ။
  
စန်းယွမ်ယွမ်ခေါင်းငုံ့ကာ ပြုံးလိုက်မိသည်။
  
သေချာပေါက် တွန့်ဆုတ်လိမ့်မည်ပင်။
  
သူမက လင်ကူးနှင့်စကားပြောနေရင်းတန်းလန်းမှာ အပြင်ဘက်ကခြေသံတွေကို ရုတ်တရက်ကြားလိုက်ရလေသည်။
  
"မင်းသမီး ဘာပဲဖြစ်ဖြစ် သူ့ကို ဒေါသသွားမထွက်လိုက်နဲ့။အဲ့လိုဆိုရင် သူ့နှလုံးသားက တခြားလူအပေါ် ပိုပြီးတိမ်းညွှတ်သွားပါလိမ့်မယ်"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now