အပိုင်း ၄၂

4K 529 3
                                    

Unicode

  
အနောက်က လာနေတဲ့လူက ....ဟန်ရှောင်လင်တဲ့လား!
  
စန်းယွမ်ယွမ် နှလုံးသားမှာ ဒုန်းခနဲ ခုန်သွားရသည်။
  
မျက်နှာရုပ်ဖျက်ခြင်းနည်းလမ်းက အဆန်းမဟုတ်ပေ။ မုန့်ဝူယုံးပင်လျှင် စစ်သည်တော်တွေနှင့်အတူ ခရီးသွားနိုင်ဖို့ သူမမျက်နှာကို ဂရုတစိုက် ရုပ်ဖျက်သွားခဲ့သေးသည်ပဲ။
  
ဟန်ရှောင်လင်က သူမကို မှတ်မိသွားလေမလား!
  
သူမက နှစ်ခါမျှအသက်ကို မသိမသာရှုသွင်းကာ စိတ်ကိုမြန်မြန်ပြင်ဆင်ထားလိုက်သည်။
  
သူမ သရုပ်ဆောင်စွမ်းရည်တွေကို စမ်းသပ်ရမည့်အချိန်တွေ ကျလာချေပြီ။
  
ယုံးဝူမင့်က သာမန်ကာလျှံကာဆန်နိုင်လှစွာ ကိုယ်လှည့်ကြည့်လိုက်သည်။ သူ့နောက်က အနီးကပ်ပါလာသည့်စန်းယွမ်ယွမ်ကလည်း မျက်လွှာလေးချကာ ကိုယ်လှည့်ရင်း ယုံးဝူမင့်နောက်နားမှာ မောက်မာသည်လည်းမဟုတ်၊ နှိမ့်ချသည်လည်းမဟုတ်သည့်ပုံစံဖြင့် ရပ်နေလိုက်သည်။
  
ဟန်ရှောင်လင်က မျက်မှောင်ကြုတ်လိုက်ရင်း

"ကန့်သတ်ထားတဲ့အချိန်က ကျလာတော့မယ်။ ယုံးဘုရင် ခင်ဗျားရဲ့ ငယ်သားတွေက ခင်ဗျားရဲ့စစ်မိန့်ကို သတိရော ရကြသေးရဲ့လား။ မနေ့နေ့လည်ကတည်းက ခုချိန်ထိ ၁၂ရှစ်ချန်(တစ်ရှစ်ချန်ကို ၂နာရီ) ဖြစ်နေပြီ!"

ယုံးဝူမင့်က ကျောက်စိမ်းအမိန့်ပြားတစ်ခုကို ပျင်းရိပျင်းတွဲထုတ်ကာ နှုတ်ခမ်းဘေးမှာ ခပ်စောင်းစောင်းကပ်လိုက်ရင်း

"မြို့ရိုးတံတိုင်းကို ခုထိ မသိမ်းနိုင်သေးဘူးလား"
  
ကျောက်စိမ်းအမိန့်ပြား၏ တစ်ဘက်ခြမ်းကနေ အနည်းငယ်ပုံမှန်မဟုတ်သည့် ရယ်သံတစ်ခုက ထွက်လာသည်။

"အရှင့်ကို လျှောက်တင်ပါတယ်။အမွှေးတိုင်တစ်တိုင်စာမကုန်ခင်လေးမှာပဲ သိမ်းနိုင်လိုက်ပါပြီ။ဒီငယ်သားက တံတိုင်းကြီးသန့်ရှင်းသွားအောင် အသုံးမလိုတဲ့အရာနည်းနည်းပါးပါးလောက်ကို ယူနေလို့ပါ!"

ကြောက်မက်ဖွယ်ရာ အော်ဟစ်သံလှိုင်းလုံးကြီးက ကျောက်စိမ်းအမိန့်ပြားထဲကနေ စိမ့်ထွက်လာသည်မှာ နောက်ခံတေးဂီတ တစ်ခုအလား။ လူတွေ၏နားထဲမှာ မရပ်မနားကို တစ်ရစ်ဝဲဝဲ ကြားယောင်သွားစေသည်။
  
ယုံးဝူမင့်က ကျောက်စိမ်းပြားကို ချိုးပစ်ကာမျက်ခုံးနှစ်ဖက်ကြားကို စိတ်မရှည်စွာပွတ်သပ်လိုက်ရင်း ဧည့်သည်ကို မောင်းထုတ်ချင်နေသည့်မျက်နှာထားဖြင့် ဟန်ရှောင်လင်ဘက်လှည့်ကာ ဆိုလိုက်၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now