အပိုင်း ၇၁

3.2K 435 6
                                    

Unicode

      
ယုံးဝူမင့်မှာ အံ့အားသင့်နေသည့်အမူအရာနှင့်အတူ တိမ်လွှာသားရဲအုပ်ကြီးအား စိုက်ကြည့်နေမိတော့သည်။
      
သေခြင်းကနေ လွတ်မြောက်လာသော တိမ်လွှာသားရဲများမှာ ၁ထောင်ဝန်းကျင်လောက်ရှိသည်။ သူတို့အကုန်လုံးက သွမ်မင့်ကို ဗဟိုပြုကာ ထွက်ပြေးခြင်းစွမ်းရည်ကို သင်ယူလာခဲ့ကြတာဖြစ်သည်။

သည်နေ့မှာ သူတို့ဟာ သွမ်မင့်နောက်လိုက်ကာ သူတို့ကို လိုက်လံကိုက်ခဲနေသည့် နတ်ဆိုးများအား အမြန်ဆုံးနှုန်းဖြင့် ခါယမ်းပစ်ခဲ့ကာ ဗြောင်းဆန်နေသည့်အခြေအနေကို အခွင့်ကောင်းယူ၍ မြေပြင်ပေါ်က အလောင်းပုံအောက်သို့ တိုးဝင်လိုက်ကြသည်။ခြေလေးဖက်ထောက်ကာ ဝမ်းလျားမှောက်အနေအထားနှင့်အတူ မြေကြီးပေါ်တွား၍ လာရာလမ်းဆီ တွားတက်လာခဲ့ကြခြင်းပင် ဖြစ်၏။

စန်းယွမ်ယွမ်နှင့် ယုံးဝူမင့်မှာ အနက်နှင့်အနီတို့လွှမ်းနေသည့် သားရဲအုပ်ကြီးအား သားရဲထိန်းတွေအလား ထိန်းချုပ်လိုက်ကြရကာ စစ်သည်တော်တွေလက် အပ်လိုက်ကြ၏။
      
ယုံးဝူမင့်က သူမအား စန်းဘုရင်နှင့် ပြန်ဆုံခွင့်မပြုချေ။ သူက သူမလက်ကို တင်းတင်းဆုပ်ကိုင်ထားသည်မို့ သူမမှာ မတတ်သာစွာပင် ရှေ့သို့ မြဲမြဲမြံမြံကြည့်၍ စန်းဘုရင်ဘေးက ဖြတ်လာခဲ့လိုက်ရသည်။
      
မကြာမှီမှာပင် သူတို့ဟာ အတွင်းမဟာတံတိုင်းထဲသို့ ချောချောမွေ့မွေ့ ပြန်ရောက်သွားကြသည်။
      
ဤအချိန်မှာ ထင်မှတ်မထားသည့်ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ ထင်မထားခဲ့ကြချေ။
      
တံတိုင်းပေါ်မှာ ရပ်နေရင်းဖြင့် စန်းယွမ်ယွမ်အယောင်ဆောင်ထားသော မုန့်ဝူယုံးမှာ ရုတ်တရက် အဆုတ်ကွဲမတက် အော်လာ၏။

"ခမည်းတော်..ယုံးဝူမင့်ကို သတ်ပစ်လိုက်ပါ! မဟုတ်ရင် သမီးတော် ဒီကနေ ခုန်ချပစ်မှာနော်!"
      
သူမက တကယ်ပင် တံတိုင်းထိပ်ပေါ်သို့ တက်လိုက်သည်။
      
ဤဝမ်းတွင်းပါတရားမျှတမှုတမာန်တော်ကြီးဟာ စိတ်တွင်းကနေ အနှီကပ်ဘေးကြီးဖြစ်သည့် ယုံးဝူမင့်ကို လူများစွာအတွက် ချေမှုန်းပစ်ချင်နေဆဲပင်။
      
ဟန်ရှောင်လင်၏ မျက်လုံးတို့က အနည်းငယ်လက်သွားကာ ချက်ချင်းပင် သူက ပွဲကြည့်ပရိတ်သတ်ကဲ့သို့ အပြုအမူကို ပြလိုက်လေ၏။
      
အကယ်၍ ထိုသူသာ ယုံးဝူမင့်ကို ဒီနေရာမှာ ရှင်းပစ်နိုင်သည်ဆိုလျှင်တော့....သူ့အနေဖြင့် စန်းချန်ယင်းလက်ထဲက အကျိုးအမြတ်ကို ဘယ်လိုခွဲယူရမလဲဆိုတာ စဥ်းစားဖို့ လိုလာချေပြီ။
      
အမျိုးသမီးငယ်၏ စီခနဲအော်လိုက်သံက စန်းယွမ်ယွမ်နှင့် တူလုနီးပါးပင်။ဤခဏမှာ အခြေအနေက ဗြောင်းဆန်နေကာ စန်းဘုရင်ဟာလည်း သမီးငယ်ကိုကာကွယ်ဖို့ရောက်လာသည်မို့ စိတ်အခြေအနေက တည်ငြိမ်နေမှာမဟုတ်သေး။ ဆိုတော့ ဘယ်သူ သိမှာတဲ့လဲ။ စန်းဘုရင်က ဒီကိစ္စကို အပြီးသတ်နိုင်ရင်လည်း သတ်နိုင်မှာပဲပေါ့။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now