အပိုင်း ၆၇

3K 374 1
                                    

Unicode
  
ဤကိစ္စကို တားဆီးနိုင်ဖို့ရာ မဖြစ်နိုင်တော့ချေ။
  
သန်းခေါင်ယံက လာတော့မည်ဖြစ်၏။
  
အသူတရာချောက်ထက်က ငွေရောင်လမင်းက တဖြည်းဖြည်းဖြင့် ကြက်သွေးရောင် ပြောင်းလာသည်။
  
ထစ်ချုံးမြည်လှိုင်းစည် ပြီး၍ လှိုင်းလုံးပြန်ချီ စတင်လေပြီ။
  
အတွင်းမဟာတံတိုင်းနှင့် အပြင်မဟာတံတိုင်းကြားက ကြားခံနယ်မြေပေါ်တွင် နတ်ဆိုးမိစ္ဆာများဟာ တစ်ယောက်ပြီးတစ်ယောက် သူတို့ခေါင်းတွေကိုလှည့်ကာ အသူတရာချောက်ဆီ ပြေးကြတော့သည်။
  
စန်းယွမ်ယွမ်အနေဖြင့် မဟာတံတိုင်း၏ မြင်ကွင်းတစ်ခုလုံးကို မမြင်နိုင်သော်လည်း ရုတ်တရက်ဆောင့်တိုးလာသော ဖိအားက လက်ရှိအခြေအနေကို နားလည်သွားစေရသည်။
  
မူလကတော့ အသူတရာချောက်ဘက်က အားက ကြီးမားနေပေမဲ့ ခုချိန်မှာတော့ ဟိန်းအော်နေသော အသံတွေဟာ တံတိုင်းနှစ်ခုဆီကနေ တစ်ပြိုင်တည်းကြားနေရပြီး နတ်ဆိုးများဟာ ကောင်းကင်ကို ကွယ်ကာ နေမင်းကိုပင် ဖုံးလွှမ်းသွားတော့သည်။ သန့်စင်သည့်လေထုက ကောင်းကင်နှင့်မြေကြီးကြားက ပျောက်ကွယ်သွားသလိုမျိုးဖြစ်ကာ မိစ္ဆာအငွေ့အသက်များသာ ကျန်ရှိတော့သယောင် ထင်ရသည်။

ယုံးဝူမင့်နှင့် ဟန်ရှောင်လင်ဟာ ယိုပေါက်တွေကိုပြန်ဖြည့်ဖို့ ထိပ်သီးစွမ်းအားရှင်များကို ဦးဆောင်ခိုင်းထားသော်လည်း ဖြိုခွင်းခံလိုက်ရသည့် အနက်ရောင်အကာအကွယ်လွှာ နှစ်ခု ရှိနေဆဲဖြစ်ကာ နတ်ဆိုးများက ဟ,ပေါက်ကို တွေ့သွားကြပြီး ထိုယိုပေါက်ရှိရာထံ အရူးအမူးပြေးဝင်လာကြတော့သည်။
  
အခြေအနေက အလွန်အမင်း အန္တရာယ်ရှိနေချေပြီ။ နတ်ဆိုးမိစ္ဆာများ တစ်ဟုန်ထိုးဝင်လညသည်နှင့် အကုန်လုံးသွားပြီပင် ဖြစ်၏။
  
အနက်ရောင်အလင်းတန်းက ယုံးဝူမင့်မျက်လုံးထဲမှာ ဖျတ်ခနဲ လက်သွားသည်။
  
ခဏမျှ ရပ်တန့်နေကြပြီးသည့်နောက်မှာ သူနှင့်ဟန်ရှောင်လင်က ပြိုင်တူပြောလိုက်ကြလေ၏။
 
"သားရဲတွေကိုလွှတ်လိုက်"
  
တံတိုင်းထက်၌ သားရဲပေါင်း တစ်သောင်းကျော်လောက်ရှိ၏။
  
၎င်းတို့မှာ ချွန်မြသော လက်သည်းများ၊ အစွယ်များရှိကြပြီး ကိုယ်လုံးကိုယ်ပေါက်တွေကလည်း သန်မာကြသည်။
  
သားရဲများအား တံတိုင်းပေါ်ကနေ ဆင်းစေကာ နတ်ဆိုးဒီရေလှိုင်းကြီးကို တိုက်ခိုက်ခိုင်းလိုက်တာက တံတိုင်းပေါ်ရှိဖိအားတွေကို အများကြီး လျော့သွားစေမည်ပင် ဖြစ်၏။
  
တိမ်လွှသားရဲများနှင့် စီးနင်းသူတို့မှာ တစ်ယောက်နှင့်တစ်ယောက် နေ့ရောညပါ အဖော်ပြုခဲ့ကြသူများပင်။ သူတို့၏ ဆက်ဆံရေးက ညီအစ်ကိုတွေကဲ့သို့ ရင်းနှီးကြပေသည်။
  
စစ်မိန့်ထွက်လာသည်နှင့် မရေမတွက်နိုင်သော စစ်သည်တော်များမှာ ချက်ချင်း မျက်ရည်တွေကျလာတော့သည်။
  
ထိုမြင်ကွင်းကိုကြည့်ရင်း စန်းယွမ်ယွမ် နှလုံးသားမှာ တင်းကျပ်လာရတော့သည်။
  
သူမက အကြည့်လွှဲလိုက်တော့ သွမ်မင့်သည်လည်း သားရဲအုပ်နောက်လိုက်ကာ အက်ကွဲဟ,ကြောင်းထဲကနေ ခုန်ချဖို့ပြင်နေတာကို တွေ့လိုက်ရသည်။
  
"ယုံးဝူမင့်!"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now