အပိုင်း ၅၆

3.6K 430 22
                                    

Unicode

  
"တခြားနည်း မရှိဘူးလေ။ ဒါတွေအကုန်လုံးက ရှင့်ကို သဘောကျမိသွားတာကြောင့်ကိုး"

စန်းယွမ်ယွမ်က ဖန်းကျင်းလျန်[1]၏ ဟန်ပန်ကဲ့သို့ ပြုမူပြလိုက်၏။
  
ယုံးဝူမင့်က တုန်ယင်သွားကာ ထွက်ပြေးလေတော့သည်။
  
သူဟာ ကျက်သရေရှိရှိလျှောက်ချင်ပါသော်လည်း ကျောပြင်ကတော့ ထိန်းချုပ်မရစွာ တင်းကြပ်နေလေသည်။
  
သူ့လက်အောက်ငယ်သားတွေကို စကားပြောနေချိန်မှာတောင် အသံက ပုံမှန်ထက် မြင့်နေပေ၏။

"မြန်မြန်လုပ်ကြ! အဲ့ဒီဟန်မျိုးရိုးကို ဂုဏ်ပုဒ်ယူမသွားစေနဲ့"
  
ခြေလှမ်းအနည်းငယ်လှမ်းပြီးခါမှ သူဟာ စန်းယွမ်ယွမ်နှင့် သွမ်မင့်ကို မေ့ထားခဲ့ပြီဆိုတာ အမှတ်ရသွားတော့သည်။
  
သူ နောက်တစ်ကြိမ် ပြန်လျှောက်လာရပြန်သည်။ မျက်လုံးအကြည့်တို့ကိုတော့ တည့်တည့်မကြည့်ရဲချေ။ သူက စန်းယွမ်ယွမ်ကို သွမ်မင့်ကျောပေါ်သို့ တင်ပေးလိုက်ကာ တောင့်တင်းနေသော ခန္ဓာကိုယ်နှင့်အတူ အောက်ထပ်ဆင်းဖို့ အမိန့်ပေးလိုက်လေသည်။
  
ဂိတ်ပေါက်နားရောက်တော့ စန်းယွမ်ယွမ်ဟာ အသစ်အဆန်းတစ်ခုကို ထပ်မံကြုံလိုက်ရပြန်သည်။
  
သူမမြင်လိုက်ရသည်က ခုနလေးတင် သူတို့ဖယ်ရှားလိုက်သော အနက်ရောင်သံမဏိအကာအကွယ်စည်းကို အုတ်တွေစီနေသကဲ့သို့ တစ်လွှာပြီးတစ်လွှာ ပြန်တည်ဆောက်နေကြတာကိုပင်။
  
မကြာခင်မှာပင် ဂိတ်တံခါး၏ တစ်ဝက်လောက်ကို ပိတ်ဆို့ပြီးသွားပြီဖြစ်သည်။
  
သူတို့က နံရံနှင့်လည်းတူကာ ပိုက်ကွန်နှင့်လည်း တူလှသည့် ထိုအရာပေါ် တက်ကာ တိုက်ခိုက်လာသော နတ်ဆိုးတွေကို အသေချေမှုန်းပစ်နေရင်းမှ အောက်ကနေ အမြင့်နေရာဆီ ဆက်ကမ်းပေးသွားရင်း အနက်ရောင်သံမဏိအကာအကွယ်စည်းကို ဆက်တည်ဆောက်နေကြသည်။
  
မကြာမှီမှာပဲ ပိုက်ကွန်နှင့်တူသည့် သံမဏိအကွာအကွယ်ဖြင့် ဂိတ်ပေါက်ကို ပိတ်ဆို့လိုက်နိုင်ပြီဖြစ်သည်။
  
ဘီးပါသည့် မြောက်မြားစွာသော သံမဏိပလိတ်ပြားလေးတွေဟာ သံမဏိအကွာအကွယ်စည်းတံခါးအောက် ရောက်သွားကာ လူတိုင်း၏ လက်ဖဝါးတွေကနေ စိတ်စွမ်းအားဖြင့် တဖိတ်ဖိတ်တောက်လာသည်။ သူတို့တွေက ဤပြောင်းလွယ်ရွေ့လွယ် အကွာအကွယ်စည်းတံခါးကို ဆုပ်ကိုင်ကာ ရှေ့သို့ တွန်းလိုက်ကြ၏။
  
အသက်ရှိနေသည့် နတ်ဆိုးတွေရော၊ အသက်မဲ့နေသည့် နတ်ဆိုးတွေရော အကုန်လုံးဟာ ဤကြီးမားသည့် တွန်းအား​ဖြင့် တွန်းထုတ်ခြင်းခံလိုက်ရကာ မတတ်သာစွာပင် နောက်ဆုတ်ကုန်ကြရတော့သည်။
  
"ဟီး....ဟီး...ဟီး..."
  
ယုံးကိုယ်ရံတော်တွေက ထူးဆန်းသည့်အသံဖြင့်ရယ်မောကြရင်း ထိုအရာကို ပခုံးဖြင့်ဖိကာ လက်ဖြင့်တွန်းလိုက်ကြသည်။ သိပ်မကြာခင်မှာပင်သူတို့ဟာ အင်အားကြီးသည့် နတ်ဆိုးတစ်ပြုံတစ်ခေါင်း တိုးသည့်ဒဏ်ကို ခံနိုင်ရည်ရှိသွားကာ နေရာမှာတင်ယာယီတည်ဆောက်လိုက်သော စည်းတံခါးကို အသိမ်းခံထားရသည့် ဂိတ်တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်ကြလေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now