အပိုင်း ၇၄

3.1K 404 0
                                    


Unicode


"ပြီးတော့ ဒါက ဒါလောက်လည်း အရေးမကြီးပါဘူးလေ။ မင်း ကျူးလင်ကို နှစ်တိုင်းပေးရတဲ့ လစာနဲ့ ရိက္ခာတွေက ဘယ်လောက်လဲ။ အဲ့ဒီအတိုင်းပေးပေါ့"

ပြုံး၍ဖြစ်လာသည့် အရေးကြောင်းကြီးက စန်းဘုရင်မျက်နှာထက်မှာ ပေါ်လာသည်။

ဟန်ရှောင်လင် : "........"

စန်းဘုရင်က လက်ဝေ့ယမ်းလိုက်တော့ သဘောတူညီမှု စာလွှာက ဟန်ရှောင်လင်ရှေ့သို့ တစ်ဖန် တွန်းပို့ခံလိုက်ရပြန်သည်။၎င်းက ကျူးလင်နယ်မြေအား စန်းပြည်နယ်အား ပေးအပ်လိုက်ရသည့်စာလွှာအတိအကျပင်။

သည်အချိန်မှာ ဟန်ရှောင်လင်အတွက် ရွေးစရာ မရှိတော့။ ကမ်းပေးလာသည့် စာလွှာပေါ်မှာ လက်မှတ်ထိုးပေးလိုက်ရတော့သည်။သူ့စိတ်ထဲမှာလည်း စန်းချန်ယင်းကို ဟာကွက်မရှိသည့် ဘယ်လိုစာချုပ်မျိုးပြန်ပေးပြီး သူ၏ ပိုက်ဆံနှင့်အကျိုးအမြတ်တွေကို ဘယ်လိုပြန်ရအောင် လုပ်မလဲ ဟူသည်ကို တွေးနေလိုက်၏။

ဟန်ဘုရင်က သက်ပြင်းချသည်။

"လူတွေက အသက်ကြီးလာရင် သုံးစားမရတော့ဘူး။ မျက်စိတွေမှုန်၊ နားတွေကန်းပြီး ဘာတစ်ခုမှ ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ဧကရာဇ်ကလည်း ငါ့ကိုနန်းစွန့်ပြီး အေးအေးဆေးဆေးပဲ နေစေချင်နေတာ အိုင်း! ထားလိုက်ပါလေ ထားလိုက်ပါ။ အိမ်ပြန်ပြီး အနားယူရတဲ့ဘဝလေးမှာ နေရမှာပဲပေါ့"

ဟန်ရှောင်လင် : "......."

ကောင်းတယ် သိပ်ကောင်း။

အိုလာရင် အသုံးမကျတော့ဘူးဆိုတဲ့စကားနဲ့ နန်းစွန့်ပြီး နေရာဖယ်ပေးလိုက်တာက ဒီအခြေအနေကို သောက်ကျိုးနည်းပျောက်ကွယ်သွားဖို့ပဲရှိတာလေ!

စန်းအိမ်ရှေ့စံက ထီးနန်းယူပြီး စန်းချန်ယင်းက ဆက်အုပ်ချုပ်နေမှာက ဘာများကွာသေးလို့တုန်း!

မဟုတ်ဘူး။ရှိတယ်! ကွာခြားမှုရှိတာပေါ့။ ဥပမာအနေနဲ့ စန်းချန်ယင်းလုပ်တဲ့အမှားတွေက ဘုရင်အသစ်ခေါင်းပေါ် လွှဲချလို့မရနိုင်ဘူးလေ။

ဟန်ရှောင်လင်မှာ နှစ်ခါမျှအသက်ပြင်းပြင်းရှုလိုက်ရင်း သူ့လူတွေကို ခေါ်သွားဖို့ ဟန်ပြင်စဥ်မှာပင် စန်းချန်ယင်းက အသားမာအပြည့်နှင့် သူ့လက်ကိုတစ်ဖန်မြှောက်လိုက်ပြန်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora