Unicode
မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ဝူယုံးမှာ ဇောက်ထိုးအနေအထားဖြင့် တံတိုင်းအပေါ်ကနေ ပြုတ်ကျသွားတော့သည်။
ဟန်ရှောင်လင်တစ်ယောက် နေရာမှာတင် ပေါက်ကွဲလုနီးပါး။
သူက ဘယ်နှင့်ညာကို တစ်ချက်ကြည့်ကာ အပြည့်အဝ ပြန်မရစ်ခွေရသေးသော ကြိုးကို ဖမ်းဆုပ်ကာ တုံ့ဆိုင်းမှုမရှိစွာ ခုန်ချလိုက်တော့သည်။
ရင်းနှီးကျွမ်းဝင်နေသည့်ဇာတ်ညွှန်းကြီးက ထပ်မံပြသပြန်ချေပြီ။ ဟန်ရှောင်လင်က မုန့်ဝူယုံး၏ ခြေကျင်းဝတ်ကို လှမ်းဆွဲလိုက်ရာ နှစ်ယောက်သားက တံတိုင်းအပြင်မှာ အန္တရာယ်များလှစွာ တွဲလောင်းကြီး ဖြစ်နေတော့သည်။
"ဟန်ရှောင်လင် ကျွန်မကို စိတ်မပူနဲ့! လွှတ်လိုက်! မြန်မြန်လွှတ်! ရှင်ဒီတိုင်း ဆက်လုပ်နေရင် ရှင်ပါ ဒုက္ခရောက်လိမ့်မယ်!"မုန့်ဝူယုံးက စိုးရိမ်တကြီး အော်လာ၏။
စန်းယွမ်ယွမ်ကတော့ ထိုမိန်းမဟာ တကယ်အားကောင်းတာပဲဟုသာ ခံစားမိသည်။ခေါင်းက ဇောက်ထိုးကြီးဖြစ်နေတာတောင် အင်အားအပြည့်နှင့် အော်နိုင်သေးသတဲ့လေ။
ဟန်ရှောင်လင် : "......."ငါသာ မင်းဆီက သောက်ကျိုးနည်းတဲ့အဆိပ်ကို မိမထားရင် လွှတ်ချပစ်တယ်ကွ!
ထိုအခိုက်မှာတော့ ယုံးဝူမင့်၏ ခေါင်းအစ ခြေအဆုံးမှာ ဗီလိန်တစ်ယောက်၏ အရှိန်အဝါတို့ လွှမ်းခြုံလာ၏။ သူက လှောင်ရယ် ရယ်ရင်း သူရဲခိုပေါ်ကနေ ခုန်ချကာ နောက်ကျောရှိ ဧရာမဓါးနက်ကြီးကို ဆွဲထုတ်၍ ကြိုးကို တစ်ချက်တည်း ပိုင်းချလိုက်တော့လေသည်။
အောက်ကျနေသော သံကြိုးကြီးမှာ တစ်ချက်တည်း ပြတ်သွားတော့သည်။စန်းယွမ်ယွမ်သည် မနေနိုင်စွာပင် လက်ခုပ်နှစ်ချက်တီးလိုက်၏။
"တော်လိုက်တာဟေ့"
မိုက်ရူးဆန်လွန်းတဲ့ဗီလိန်တစ်ယောက်က ကမ္ဘာလောကကြီးရဲ့ ရတနာတစ်ပါးပဲ!
ကျန်း၃၀လောက်မြင့်သော တံတိုင်းက စိတ်ဝိညာဥ်ကြည်လင်နယ်ပယ်မှာ ၈ဆင့်ကိုရောက်နေပြီဖြစ်သည့် အင်အားကြီး ကျင့်ကြံရေးသမားကို သတ်နိုင်လား၊ မသတ်နိုင်လားတော့ မသေချာလှပါပေ။ အကယ်၍ ဟန်ရှောင်လင် အသတ်ခံလိုက်ရလျှင်တော့ လက်ထပ်ပွဲရော၊ နှလုံးသားတစ်စုံစာချုပ်ပါ အလိုအလျောက် ပျက်ပြယ်သွားပေတော့မည်။ ......စန်းယွမ်ယွမ်တစ်ယောက် သူမစိတ်ကူးတွေ မြူးထူးနေတာကို ထိန်းချုပ်လို့ကို မရတော့။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️