Unicode
ထို့နောက်မှာတော့ သူမဟာ အနီရောင်တောက်နေသည့်သံမဏိမြားတစ်ချောင်းက သူ့ကျောပြင်မှာ သံမှိုစွဲသလိုစိုက်ဝင်နေတာကို တွေ့လိုက်ရလေသည်။ ခန္ဓာကိုယ်ကိုတောင် ထိုးဖောက်သွားတော့မတက် နက်လှ၏။
သူမ လေအေးတစ်ချက်ရှုသွင်းလိုက်ရင်း"ရှင်...."
ယုံးဝူမင့်က အနည်းငယ် စိတ်တိုသွား၏။ သူက လက်ကိုတစ်ချက်လွှဲရင်း ဓါးကိုဆွဲထုတ်ကာ ကျောဘက်ကမြားကို ဖြတ်ချပစ်လိုက်ရင်း စိတ်ဆိုးမာန်ဆိုး ပြောလာလေသည်။"ဘာမှမဖြစ်ဘူးလို့ ကိုယ်ပြောနေတယ်လေ"
သူမကတော့ မျက်ရည်ဝေ့သီနေသော မျက်လုံးတို့ဖြင့် စူးစူးရဲရဲစိုက်ကြည့်နေတုန်းပင်။ သူမက တခြားဒဏ်ရာတွေရှိသေးသလားသိရအောင် တစ်ပါတ်ပတ်ကြည့်ရင်း တုန်ယင်နေသော လက်တို့ကလည်း သူ့ဒဏ်ရာတစ်ဝိုက်ကို မရဲတရဲ ထိကြည့်နေသည်။
"ရှင် ဒီကို ကျွန်မကိုကယ်ရအောင်လာခဲ့တာလား။ ကျွန်မကိုကယ်ဖို့လုပ်လို့ ရှင် ဒဏ်ရာ ရသွားတာလား။ မြား...မြားက အမြန်ဆုံး ဆွဲနုတ်မှ ဖြစ်မယ်.."
စိတ်မရှည်နိုင်မှုတွေက သူ၏ မျက်ဝန်းနက်တို့ထဲမှာ မြင့်တက်လာသည်။ သူက သူမလက်ကို ကြမ်းတမ်းစွာ ဆောင့်ဆွဲလိုက်ရင်း"လှည့်ပတ်မနေစမ်းနဲ့!"
"အိုး"စန်းယွမ်ယွမ်က သူ့ရှေ့မှာ လိမ်လိမ်မာမာဖြင့်ပင် ခိုင်မာစွာရပ်နေလိုက်သည်။
"မင်းကို ကယ်တာလား?"သူက အေးစက်စက်ပြုံးကာ
"ကျန်းကျင်ဖုန်းကြောင့်သာမဟုတ်ရင် ခုချိန် မင်းကို အဲ့လိုအရာတွေလုပ်နေတဲ့လူက ကိုယ်ပဲ ဖြစ်နေမှာပဲ"
သူမက အပြစ်ကင်းသည့် မျက်ဝန်းတစ်စုံကို တဖျတ်ဖျတ်ခပ်ပြရင်း အကြည့်တို့က မရည်ရွယ်ပါဘဲ သူ၏ အာဒမ်ပန်းသီးထံ ကျရောက်လို့သွားသည်။
"ဒါပေမဲ့ ခုတော့ ကိုယ်စိတ်မဝင်စားတော့ဘူး"သူကမျက်လုံးကိုမှေးစင်းရင်း ကိုယ်တစ်ပတ်လှည့်၍ ကျန်းကျင်ဖုန်း၏ ကိုယ်တစ်ပိုင်းနှင့် ကြမ်းပေါ်ကျနေသော မြားကျိုးကို ကောက်ကာ ခပ်တိုးတိုးဆိုလာသည်။
"မင်းခုည ကိုယ့်ကို မမြင်ခဲ့ဘူး"
သူက ခြေတစ်ချက်ဆောင့်နင်းလိုက်တော့ ကြမ်းပေါ်မှာ ဖုံးလွှမ်းနေသည့် လွှစာမှုန့်များဟာ ရုတ်တရက် သာမန်မျက်စိဖြင့် မမြင်ရတော့သည့်ဖုန်မှုန့်များအဖြစ် ပျံ့ပါးလွင့်ပြယ်သွားလေတော့သည်။
သူက ပေါ့ပေါ့ပါးပါးပင် ကိုယ်ဖော့ခုန်လိုက်တော့ ခန်းမတံခါးနားသို့ရောက်သွားသည်။ တံခါးဖွင့်၍ အပြင်ဘက်သို့ထွက်တော့မည်ပြင်ဆဲမှာ သူ ရုတ်တရက်ရပ်တန့်သွား၏။
သူဟာ နောက်လှည့်မလာခဲ့။ သို့ပေမဲ့ ခပ်တိုးတိုးသံကတော့ လွင့်မြောလို့လာလေသည်။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️