အပိုင်း ၃၅

4.2K 581 6
                                    

Unicode

  
စန်းယွမ်ယွမ်က ခပ်ဖြည်းဖြည်း စကားဆိုလိုက်သည်။

"ကိစ္စမရှိဘူး။ သူက ကျွန်မတို့ဘက်က။ အခြေအနေက ပြောင်းသွားပြီ။ခုချက်ချင်း ဂိတ်ပေါက်တံခါးကို ဖျက်ဝင်ဖို့ပြင်ထားလိုက်ကြတော့"
  
ယုံးဝူမင့်က အရယ်တစ်ဝက်၊ အတည်တစ်ဝက်ဖြင့် ဝင်ပြောလာ၏။

"မီးရှုးမီးပန်းတွေ စလွှတ်တာနဲ့ မင်းတို့အသက်ကို ဖက်နဲ့ထုပ်ပြီး ထွက်ပြေးတော့။ နောက်လှည့်မကြည့်နဲ့။ ကြည့်ရင် သေရလိမ့်မယ်"
  
စန်းယွမ်ယွမ်သည် သူ့အသံက ပို၍ပင်ကြမ်းတမ်းလာကြောင်း သတိပြုမိသွားရ၏။
  
ထိုအခိုက်မှာပင် လင်ကူးနှင့်တခြားလူများသည်လည်း သူတို့နောက်က မဲနက်ကာ ဒီရေကဲ့သို့ တလိမ့်လိမ့်တက်လာသော ကြီးမားသည့် တပ်ဖွဲ့ကြီးကို သတိပြုမိသွားတော့သည်။
  
"မင်းသမီး! ဒီငယ်သားက အသက်ကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် မင်းသမီးကို သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်!"

လင်ကူး၏ မျက်နှာက အတိုက်အခံပြုလိုမှုတို့နှင့်ပြည့်နေ၏။

"ဒီလူက....စန်းပြည်နယ်က မဟုတ်ပါဘူး။ဒီငယ်သား စိတ်မချနိုင်ပါဘူး!"
  
စန်းယွမ်ယွမ်က ခေါင်းကိုအသာခါယမ်းပြလိုက်ရင်း

"ထားလိုက်။ အသက်ရှင်ဖို့က ပထမဦးစားပေးပဲ။ကျွန်မရဲ့ ခမည်းတော်နဲ့တွေ့ရင် ကျွန်မ အဆင်ပြေကြောင်းနဲ့ နောက်မှပြန်လာခဲ့မယ်ဆိုတဲ့အကြောင်း ပြောပြပေးပါ"
  
လင်ကူးက ထပ်မံ​ဖျောင်းဖျဖို့ဟန်ပြင်လိုက်ပေမဲ့ စန်းယွမ်ယွမ်က လက်ကိုမြှောက်ကာ ဆုံးဖြတ်ပြီးသွားဟန်ဖြင့် ညင်သာစွာ၊ နူးညံ့စွာ ပြောလိုက်သည်။

"ဟန်ရှောင်လင်ရဲ့အကြံအစည်တွေက အရမ်းနက်လွန်းတယ်။ ရှင်တို့တွေ ကျွန်မခမည်းတော်ကို ဖျောင်းဖျပေးဖို့ကြိုးစားပေးပါ။ စိတ်လိုက်မာန်ပါ မလုပ်ပါစေနဲ့။ တခြားလူတွေ အခွင့်ကောင်းယူလို့ရမဲ့ ဘာအားနည်းချက်ကိုမှလည်း ချမပြမိပါစေနဲ့"
  
ယုံးဝူမင့်က စိတ်ကျေနပ်စွာ ပြုံးကာ သူမလက်မောင်းကို ဆုပ်ကိုင်၍ ပေါ့ပေါ့ပါးပါးပင် လှုပ်ရှားလိုက်၏။
  
ကျန်း၁၀၀ကျော်လောက်အဝေးမှာ ထူထဲ၍ ရှည်လျားသော မြက်ပင်များရှိကာ ထိုနေရာ၌ တိမ်လွှာသားရဲတစ်ကောင်က လဲလျောင်းနေလေသည်။ ယုံးဝူမင့်က သူမကို ခါးကနေပွေ့၍ တိမ်လွှာသားရဲပေါ် တက်လိုက်ကာ သူတို့နောက်က တပ်ဖွဲ့ကြီးနှင့် တွေ့ဖို့ ဟန်ပြင်လိုက်လေသည်။
  
မကြာမှီမှာပင် သူတို့တွေ တပ်ဖွဲ့အနီးသို့ရောက်သွား၏။
  
သူမမျက်စိရှေ့က တပ်ဖွဲ့ဟာ ကောင်းကောင်းလေ့ကျင့်ထားပုံရကာ သူတို့လှုပ်ရှားမှုတွေက အသံတစ်ချက်မထွက်ဘဲ တိတ်ဆိတ်လို့နေသည်။သူတို့တွေဟာ သူတို့ကိုရှာမတွေ့နိုင်သလို အသိုက်ထဲကငါးကိုလည်း လွတ်မသွားစေနိုင်လောက်သည့်နေရာမှာ ရပ်တန့်သွားကြလေ၏။
  
သေချာပေါက်ကို အလျင်စလိုစေလွှတ်လိုက်သည့် ကြားဖြတ်တပ်ဖွဲ့မျိုးမဟုတ်။ တမင်တကာ အကွက်ချ၍စေလွှတ်ထားတာမျိုးပင်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now