အပိုင်း ၆၁

3.1K 378 3
                                    

Unicode

ယုံးဝူမင့်က အေးအေးလူလူဖြင့် သူ့စစ်သည်တော်တွေထံ ပြန်လာလိုက်သည်။
  
"အပြင်မဟာတံတိုင်းကို ပြန်ကြမယ်"

သူ့အသံက မကျယ်ပေမဲ့  တပ်မဟာအားလုံးကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ကြပေ၏။
  
"ဟုတ်ကဲ့!"

ဟစ်ကြွေးသံက ကောင်းကင်ကိုတောင် တုန်ခါမတက်။
  
စစ်သည်တော်တွေက ရေဆန်ပြန်တက်သကဲ့သို့ ခုနလေးတင် ပြန်သိမ်းထားသည့် ဂိတ်တံခါးရှိရာဆီ ဦးတည်လိုက်ကြသည်။
  
ဟန်ရှောင်လင်က သူ့စစ်သည်တော်တွေကို မြောက်ပိုင်းသို့ သွားခိုင်းနေပြီဖြစ်သည်။ ယုံးဝူမင့်က အပြင်မဟာတံတိုင်းကနေ တန်ပြန်တိုက်စစ်ဆင်ဖို့ လုပ်ခိုင်းနေတာကိုမြင်တော့ သူ့စိတ်ထဲမှာ စိတ်မရှည်မှုတွေဖြစ်လာကာ အပြေးလှမ်းလာလိုက်လေသည်။
  
"ယုံးဘုရင် မင်းဒါ ဘာအဓိပ္ပါယ်လဲ။"

ဟန်ရှောင်လင်က မေးသည်။

"ငါတို့နောက်ကွယ်မှာ စန်းပြည်နယ်က အကွက်ချကြံစည်ထားတာ။ဒီမှာနေရင် သေလိမ့်မယ်။ ဘာလို့ မင်းက ငါနဲ့အတူ မလိုက်ရတာလဲ!"
  
ယုံးဝူမင့်က သူ့အား ဖျတ်ခနဲကြည့်ရင်း

"စန်းမင်းသမီးကို အနိုင်ကျင့်တဲ့လူက မင်းလေ။ ကျုပ်မှ မဟုတ်ပဲ။မင်းက မင်းသေလမ်းကို မင့်ဘာသာရှာတာ။ စန်းပြည်နယ်က ကျုပ်ကိုတော့ တံခါးဖွင့်ပေးမှာပဲလေ"
  
ဟန်ရှောင်လင် : "....."
  
စန်းယွမ်ယွမ်ကတော့ ဟန်ရှောင်လင်ရှေ့မှာ ထိုင်နေသည့် မုန့်ဝူယုံးက မျက်ရည်တွေနှင့်ပြည့်နေတာကို အံ့အားတသင့် တွေ့လိုက်ရသည်။ သူမပါးစပ်မှာလည်း အဝတ်စဖြူဖြင့် တင်းတင်းစည်းနှောင်ခြင်းက်ု ခံထားရ၏။ သူမပုံစံက မတရားခံနေရသည့်အလား။
  
ထိုမျက်လုံးရွဲကြီးတွေက တကယ်ပဲ စကားပြောတတ်ပုံရသည်။ စန်းယွမ်ယွမ်ဟာ သူမကို သာမန်ကာလျှံကာကြည့်လိုက်ရုံဖြင့် စိတ်တွင်းကနေ နားလည်သွားပြီ ဖြစ်သည်။
  
ဤနတ်ဆိုးမိစ္ဆာလှိုင်းတွေအလယ်မှာ သွေးတွေအစင်ခံရတာ၊ ကြောက်မက်ဖွယ်သွေးရဲသံရဲတွေနှင့် ရင်ဆိုင်ရတာမျိုးက မလွဲမသွေကြုံရမှာပင် ဖြစ်သည်။
  
မုန့်ဝူယုံးမှာ ခဏခဏ ဆိုသလို ကြောက်လန့်ကာ ငယ်သံပါအောင်အော်ဟစ်တာကို ထိန်းမရဖြစ်နေ၏။ဟန်ရှောင်လင်မှာ ထိုအချင်းအရာကို စိတ်ကုန်နေခဲ့ပြီ ဖြစ်သည်။ ဤအခိုက်အတန့်မှာတော့ အခြေအနေက စိုးရိမ်ဖွယ်ဖြစ်နေသည်။ ဟန်ရှောင်လင်မှာ ဒေါသထွက်လွန်း၍ သူ့နှုတ်ခမ်းထောင့်မှာတောင် အဖုပေါက်နေပြီ ဖြစ်ကာ သူမကို စိတ်မရှည်နိုင်တော့။ ထို့ကြောင့်ပင် ကိုယ်ထိလက်ရောက် ပါးစပ်ပိတ်ပေးလိုက်ခြင်း ဖြစ်ပေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now