အပိုင်း ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀

3.9K 396 24
                                    

Unicode

အပိုင်း ၁၁၃

"ကံကောင်းလို့ မင်းဆုံရတဲ့လူက ကိုယ်ဖြစ်နေလို့ပေါ့"

သူက ရွှင်ပျတက်ကြွစွာ ပြုံးလိုက်ရင်းဆိုသည်။

"ပိုးစာပင်လေး..မင်းမှာ ရှစ်ဘဝလောက်ကျင့်ကြံလာခဲ့တဲ့ ကြမ္မာကောင်းတွေ တကယ်ရှိတာပဲ"

စန်းယွမ်ယွမ် : "......."

သူမ သော့ချက်စကားလုံးတွေကို ဖမ်းဆုပ်မိသွား၏။

ကဝေမျိုးနွယ်စု။

မိစ္ဆာသုံးဖော်ထဲက တစ်ဖော်ပင်ဖြစ်လေသည်။

ကဝေမျိုးနွယ်စုက သွေးအဆက်အနွယ်တွေဟာ လူတွေကိုရှုပ်ထွေးအောင်လုပ်နိုင်သည့်စွမ်းရည်မျိုးဖြင့် မွေးဖွားလာကြတာဖြစ်၏။ လူ၏ စိတ်အခြေအနေအကာအကွယ်က အားနည်းနေလျှင် သူတို့အဖို့ ကြိုးကိုင်ခြယ်လှယ်ပြီး လွှမ်းမိုးပစ်ဖို့ ပိုလွယ်ကူပေသည်။

သည်နေ့ဆို ယစ်ပူဇော်ပွဲအခမ်းအနားက သွေးတွေမြင်လိုက်ရသည့် သက်ရောက်မှုကြောင့် စန်းယွမ်ယွမ်၏ စိတ်မှာ ကသောင်းကနင်းဖြစ်နေခဲ့ပြီး ပြုစားသူက ၎င်းကို အပြည့်အဝအသုံးချခဲ့ခြင်းပါပေ။

သူမ၏ ပင်ကိုယ်သနားစာနာတတ်သည့်ဓါတ်ခံက အလွန်အားပြင်းသည်မို့ ပြုစားသူ၏ မျက်လုံးထဲမှာတော့ ဈေးတန်းထဲမှာ ကြွစောင်း ကြွစောင်းလျှောက်နေသည့် ပစ်မှတ်ကြီး ဖြစ်သွားခဲ့ရပေသည်။

"တင်းတိမ်ရောင့်ရဲမှုမရှိသည့်လူတစ်ယောက်နှလုံးသားက ​ဆင်ကိုမျိုဖို့ကြိုးစားနေသည့် မြွေတစ်ကောင်နှယ်" ဟူသော ဆိုရိုးစကားရှိတာကတော့ နှမြောစရာကောင်းလှသည်။

ပြုစားသူဟာ ကျွန်စခန်းက ထွက်လာနိုင်ပေမဲ့ ယုံးဝူမင့်အိပ်ရာပေါ်တောင် ဖက်တက်ဖို့ကြိုးစားလိုက်သေးသည်။သူမဟာ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်းသည်။ သူ့အပေါ် သည်လိုလှည့်စားမှုတွေတောင်သုံးလိုက်တာက ကိုယ့်သေလမ်းကိုယ် ရှာနေတာပင်မဟုတ်ပါလော။

သို့ပေမဲ့....သွေးဆက်နွယ်မှုကို ဖုံးဖိထားတယ်ဆိုတာ ဘာအဓိပ္ပါယ်များနည်း။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now