အပိုင်း ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆

2.8K 334 3
                                    


Unicode

အပိုင်း ၁၄၁

သွမ်မင့်က ရပ်တန့်သွားကာ ခေါင်းကို မြင့်မြင့်မော့ရင်း ပါးစပ်ဟလာ၏။

"အိုဝူးဝူးးးးးးးးးး"

သူက ဝံပုလွေမဟုတ်တဟုတ်အသံဖြင့် အော်လိုက်လေသည်။

ယွင်သားရဲကြီးက သူမအား သူ့ကျောပေါ်ကနေ တည်ငြိမ်စွာဖြင့် ဆင်းစေကာ သူမမျက်နှာနားကိုင်းချ၍ သူ့နဖူးပေါ်က နူးနူးညံ့ညံ့အမွေးဖြူဖြူများဖြင့် သူမမျက်နှာတစ်ခုလုံးက မျက်ရည်နှင့်နှပ်ချီးများကို သုတ်ပေးလေသည်။

စန်းယွမ်ယွမ် : "......."

သုတ်ပေးပြီးနောက် သူက ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိသွားကာ အနက်ရောင်မျက်ဆံအစုံက သူမနှာခေါင်းကို မျက်တောင်မခပ်စိုက်ကြည့်လာသည်။ အမူအရာကဖြင့် ရွံရှာဟန်သို့ တဖြည်းဖြည်းပြောင်းလဲသွားလေ၏။

စန်းယွမ်ယွမ် : "ယုံးဝူမင့်ပြောတာမှန်တယ်။ သွမ်မင့် နင်က တကယ့်ကို ကိန်းကြီးခမ်းကြီးနိုင်လာပြီပဲ!"

ခဏမျှ ဟိုသည်လျှောက်အသွားမှာ လူတစ်ယောက်နှင့် သားရဲတစ်ကောင်က မြောက်ကြွမြောက်ကြွနိုင်စွာဖြင့် ရထားလုံးယာဥ်တန်းရှိရာထံ ပြန်လာခဲ့လိုက်ကြသည်။

ယုံးဝူမင့်က သူ့ကိုယ်သူ ပြန်ထိန်းညှိလို့ပြီးသွားပြီ ဖြစ်သည်။ သူက ရထားလုံး၏ လိုက်ကာကိုမ,တင်ကာ ပြတင်းပေါက်ဘေးမှာ ပျင်းရိပျင်းတွဲ့ထိုင်နေရင်း နဖူးကိုလက်ဖြင့်ထောက်၍ သူမပြန်အလာကို စောင့်နေလေသည်။

"မင်းက ကိုယ့်ရဲ့သွမ်မင့်ကို ပြန်ပေးဆွဲနိုင်မယ်များထင်နေလား ပိုးစာပင်လေးရဲ့"

သူက စိတ်ကြီးဝင်မောက်မာစွာဖြင့် ကြည့်လိုက်ရင်း

"စဥ်းတောင်မစဥ်းစားလိုက်နဲ့! သူက ဘယ်သွားသွား ပြန်လာမှာ!"

"ဒါပေါ့"

သွမ်မင့်ကျောပေါ်မှာ စီးနင်းလိုက်ပါရင်း သူမက မျက်နှာသေးသေးလေးကိုမော့၍ သူ့ထံပြုံးပြလိုက်ရင်း

"ကျွန်မလည်း အဲ့လိုပဲလေ။ ဘယ်နေရာကိုပဲသွားသွား သေချာပေါက်ပြန်လာမှာ။ ရှင့်ဘေးနားကိုပေါ့"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now