အပိုင်း ၂၈၁
သူမစိတ်ခံစားချက်တွေ ကောင်းလာသည်နှင့် သူမနည်းနည်းလောက် ယုတ်မာချင်လာ၏။
"ကျွန်မတို့ ထိမ်းမြားပွဲကိုလာဖို့ ယုံးယင်ယွဲ့ကို ဆင့်ခေါ်လိုက်ရအောင်"
သူမကမျက်နှာလေးကို မော့ကာ ချွဲနွဲ့ညုတုတုဟန်ဖြင့် သူ့ထံစကားဆိုလိုက်သည်။
"ကျွန်မသူ့ကို သေမတက်လန့်စေချင်လို့.။ ဟိုတုန်းက သူကျွန်မကို လန့်သေအောင်လုပ်ထားတာလေ"
ယုံးဝူမင့်က ခပ်ဖြည်းဖြည်း မျက်ခုံးပင့်သည်။
"ထိမ်းမြားပွဲကြီးနေ့ထိ စောင့်စရာမလိုဘူး။ မနက်ဖြန် မင်းနဲ့ကိုယ် ဟန်ပြည်နယ်ကို အရင်သွားရလိမ့်မယ်"
စန်းယွမ်ယွမ် : "ဟမ်"
ယုံးဝူမင့်က သူ့ကိုယ်ပေါ်က သူမအား တင်းတင်းဆွဲဖက်ထားလိုက်သည်။တိမ်လွှာ ခေါင်းအုံးပေါ် တံတောင်ဖြင့်အားပြုရင်း နဖူးပေါ်ထောက်ကာ ဂရုမစိုက်စွာ ပြောလာသည်။
"ဟန်ရှောင်လင့်ရဲ့ မွေးနေ့လေ။ သူက ယောက္ခထီးတော်ဆီကို ဖိတ်စာပို့ပြီး ယောက်ဖတော်နဲ့အတူ မင်းကိုလာဖို့ဖိတ်ထားတာ။ ကိုယ်တို့ မနက်ဖြန် သွားကြရလိမ့်မယ်"
စန်းယွမ်ယွမ် ခဏမျှကြောင်အမ်းသွားပြီးမှ ခပ်ခြောက်ခြောက်ပြောလိုက်သည်။
"သူက ဘာလို့ သူ့မွေးနေ့ကို ကျွန်မနဲ့အစ်ကိုကြီးကို လာစေချင်တာလဲ...ဈာပနပွဲဆိုရင်တော့ လောကဝတ်အရ အနည်းဆုံး သွားနှစ်သိမ့်ပေးရင်ပေးရမှာပေါ့လေ"
ယုံးဝူမင့်အသံက မသိမသာဖြင့် ဗလာဟင်းလင်းဖြစ်သွား၏။
"ပိုးစာပင်လေး...မင်းက အချစ်ဟောင်းအပေါ်မှာ ဒီလိုမျိုးပစ်ပစ်ခါခါလုပ်တတ်တာလား"
စန်းယွမ်ယွမ်နှလုံးသားက အနည်းငယ်တုန်ယင်သွားသည်။
သူဟာ သူ့အပေါ်ထားသည့် သူမနှလုံးသားကို သံသယဝင်မှာမဟုတ်ဆိုတာတော့ သူမသိသည်။ သို့ငြား ဟန်ရှောင်လင်အပေါ်မှာထားသည့် သူမသဘောထားက ကျန်းယန့်ကျီးက ဆရာမင့်အပေါ်ထားသည့်ပုံစံမျိုးနှင့် အလွန်ဆင်တူနေသည်။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
VOUS LISEZ
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Roman d'amourစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️