အပိုင်း ၃၂

4.1K 545 0
                                    

Unicode

  
"မင်းသမီး...တကယ်ပဲ ဒေါသမထွက်ဘူးလား။ သူ့ရဲ့ပေါက်ပန်းလေးဆယ်စကားတွေကို တကယ်ယုံနေတာတော့ မဟုတ်ပါဘူးနော်။ အဆိပ်ဖြေရုံသက်သက် အဲ့မိန်းမကို ခေါ်သွားတာလို့ ယုံနေတာလား။ဟား!အနားတစ်ချက်မယူဘဲ တစ်နေကုန်တစ်နေခမ်း ဖြေနေရအောင် ဘာအဆိပ်မလို့လဲ။ ဟာသပဲ!"
  
"လင်ကူး ဒေါသထွက်စရာဘာရှိလို့လဲ"

စန်းယွမ်ယွမ်က မျက်ခုံးကို ဖြေလျော့ကာ စိတ်အေးလက်အေး ဆိုလိုက်သည်။

"သူက ကျွန်မကို အရင်အပြစ်လုပ်ထားတဲ့လူလေ.....သူတို့က ရှေ့ခြေနဲ့ ရှေ့ကိုလှမ်းရင် ကျွန်မတို့ကလည်း နောက်ခြေနဲ့ စန်းပြည်နယ်ကိုပြန်ရုံပေါ့။ သူ့ဘက်က ပြဿနာရှာလာရင် သူ့ခေါင်းပေါ်ကို စန်းသခင်မ နေရာမှာ အစားထိုးဖို့ ချစ်ဇောဟုန်မျိုးနွယ်စုက အဆက်အနွယ်ကို ဖုံးကွယ်ထားမဲ့ "မကောင်းတဲ့ရည်ရွယ်ချက်တွေသိုမှီးထားတယ်" ဆိုတဲ့ ခေါင်းစဥ်မျိုး ပစ်တင်လိုက်ရုံပေါ့။သူ့ဆန္ဒတွေက အပြစ်ပေးခံရမဲ့ ဆန္ဒတွေပဲလေ!"
  
လင်ကူးမှာ ထိတ်လန့်လွန်ကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ အတော်ကြာမှ သူမက ပါးစပ်ကိုအုပ်ရင်း မျက်စိပိတ်မတက် ရယ်မောတော့သည်။
  
"မင်းသမီး...ဒီတစ်ခါ တကယ်ပဲ လွှတ်ချနိုင်ပြီပေါ့"
  
စန်းယွမ်ယွမ် ခေါင်းညိတ်ပြလိုက်သည်။ သူမ အနေဖြင့် ထိုခွေးသွေးပြဇာတ်ထဲမှာ ပါဝင်ကပြပေးနေဖို့ အချိန်မရှိပါပေ။
  
အဲ့လိုယောက်ျားမျိုးအတွက်နဲ့များ တခြားမိန်းမတွေနဲ့ ယှဥ်ပြိုင်ရမယ်ပေါ့။ ဆောရီးပဲ။

သူမက စန်းပြည်နယ်၏ မင်းသမီးတစ်ပါးပင်။ သူမအနေဖြင့် အသက်ရှင်ဖို့အတွက်နှင့် ခေါင်းထဲကငါး[1]ကို ပျိုးထောင်နေရန် မလိုပါလေ။
  
သည်တစ်ခေါက်မှာ စန်းပြည်နယ်ဘက်ကနေ ဟန်ရှောင်လင်နှင့် ယုံးဝူမင့်၏ နောက်ကျောကို ဓါးနှင့်ထိုးမည့်အစီအစဥ်များလည်း မရှိချေရာ သေချာပေါက်ကို ထိုနှစ်ယောက်က နတ်ဆိုးတွေ၏ ဘေးအန္တရာယ်ကို အောင်အောင်မြင်မြင် ဖိနှိပ်နိုင်မည်ပင်။ ထိုသူများ ပြန်ရောက်လာချိန်မှာ မုန့်ဝူယုံးနှင့် ဟန်ရှောင်လင်က ပိုလို့တောင် မခွဲမခွာ ချစ်ကြင်နာတွေ ပိုလာကြပေဦးမည်။
  
ထိုနှစ်ယောက် တခြားလူတွေကို ဒုက္ခမပေးဘဲ နေရာမှာတင် ခြေချုပ်မိကာ သေသွားလျှင်တော့ အကောင်းဆုံးပါပင်။
  
"ယူချင်တဲ့ဟာ တစ်ခုမှ မရှိဘူးပဲ"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now