အပိုင်း ၅၀

3.6K 461 1
                                    

Unicode

  
အလင်းတန်းတွေ တောက်ဖြာလာဖို့ အချိန်အနည်းငယ်တော့ ယူရသည်။သူက သူမငယ်ထိပ်ပေါ်မှာ သူ့မေးစေ့ကို ပျင်းရိပျင်းတွဲ တင်ထားရင်း လက်တစ်ဖက်ဖြင့် ပုလဲလုံးကို လှည့်ပတ်ကစားနေရင်းမှ ကျန်တစ်ဖက်ကို အမှတ်မထင်ပုံစံဖြင့် မြှောက်လာကာ သူမရင်ဘတ်ရှေ့ဘက်ခြမ်းကို ဆုပ်ကိုင်၍ မပျော့လွန်း မပြင်းလွန်းသောအားဖြင့် အကြိမ်အနည်းငယ်မျှ ဖျစ်ညှစ်လာ၏။
  
စန်းယွမ်ယွမ် ခေါင်းထဲမှာ "စီ" ကနဲမြည်သွားကာ မျက်နှာကနေ လည်ပင်းတလျောက် ချက်ချင်းကို နီရဲလာရင်း ဒေါသတကြီးဖြင့် နောက်သို့ ကျုံ့ပစ်လိုက်တော့သည်။
  
"မလှုပ်နဲ့"

သူ့အသံက ရုတ်တရက်ကြီး ပြန်လေးသွားပြန်သည်။

"ဒီအခိုက်အတန့်လောက် ကိုယ်စိတ်ငြိမ်နေတာမျိုး အရမ်းရှားတယ်"
  
သူမ အောက်နှုတ်ခမ်းကိုကိုက်ရင်း ခေါင်းလှည့်၍ သူ့ကို တောင့်တောင့်ကြီး ကြည့်ပစ်လိုက်သည်။
  
သူ၏ အနက်ရောင်မျက်ဝန်းတစ်စုံက အလွန်အမင်းကို ဗလာဖြစ်နေသည့်ပုံ ပေါက်နေကာ သူ့လက်ဖျားထိပ်ပေါ်က မှတ်ဥာဏ်သိုလှောင်ပုလဲလုံးကိုသာ မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူ့မျက်နှာဟာ အေးစက်ပြီး မာကြောနေသည်မှာ အသက်မဲ့သော သစ်သားတုံးကြီးအလား။
  
စိတ်ဖောက်လာပြန်တာလား။
  
ထိုအခိုက်မှာ ပျင်းရိပျင်းတွဲနိုင်ကာ ပြင်းထန်လှသော အမျိုးသမီးတစ်ယောက်အသံက မှတ်ဥာဏ်သိုလှောင်ပုလဲလုံးထဲကနေ ဖြည်းညှင်းစွာဖြင့် လွင့်မြောထွက်လာလေသည်။
  
"သနားစရာကောင်းလိုက်တဲ့ သားလေးရယ်။ဒီမယ်တော်မှာ ရွေးစရာမရှိလို့ သားတော်ကို စွန့်ပစ်ရလိမ့်မယ်။ စိတ်မဆိုးပါနဲ့။ ဝမ်းနည်းစရာလည်း ဘာမှမရှိဘူး ဟုတ်တယ်မလား။ လူတိုင်းက တစ်နေ့နေ့တော့ သေရမှာပဲလေ။ ကလေးက ဒီကိစ္စမှာသေသွားမယ်ဆိုရင်တောင် မယ်တော်အတွက်တစ်ခုခုလုပ်ပေးနိုင်မှာ။ နောက်ကို မယ်တော် ဘယ်နေရာရောက်ရောက် မယ်တော့်အစား စတေးခံပေးခဲ့တဲ့ ကလေးလေးကို အမြဲအမှတ်ရနေမှာပါကွယ်"
  
ပုလဲလုံးမျက်နှာပြင်က မှောင်မဲနေပြီး ထိုအချိန်အခါတုန်းက အဖြစ်အပျက်တွေက လုံးဝ ပေါ်မလာခဲ့ချေ။
  
ယုံးဝူမင့်က သူ့လက်ဖဝါးထဲက မှတ်ဥာဏ်သိုလှောင်စိတ်ဝိညာဥ်ပုလဲလုံးကို ဖြည်းညှင်းစွာ ကိုင်ထားရင်း တစ်ခြားလက်တစ်ဖက်က သူမကိုပါ လွှတ်ပေးလိုက်လေသည်။
  
စန်းယွမ်ယွမ် ရုတ်တရက်ကြီး သဘောပေါက်သွားရ၏။ ထိုအချိန်တုန်းကလည်း သူဟာ ပုလဲလုံးကို ဤနှယ်ကိုင်ထားခဲ့မည်ပင်။
  
ဆိုတော့ သူနဲ့စကားပြောနေတဲ့လူက သူ့အမေပေါ့လေ။
  
မဟုတ်မှလွဲရော လွန်ခဲ့တဲ့ငါးနှစ်က အဖြစ်အပျက်က......သူရူးသွားတာမဟုတ်ဘဲ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် လူသတ်မှုကျူးလွန်ခဲ့တာများလား။
  
စန်းယွမ်ယွမ်သည်လည်း သူမနှလုံးသားထဲက ဘယ်လိုခံစားလိုက်ရသလဲကို ခဏတာမျှ မသိနိုင်ဖြစ်သွားရသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant