အပိုင်း ၄၃

4K 502 19
                                    


Unicode

  
ယုံးဝူမင့်က အနည်းငယ်ပြုံးလိုက်ပေမဲ့ ဘာမှတော့ မပြောလိုက်ပေ။ သူ့မျက်နှာက ဂရုမစိုက်ဟန်ပေါက်ကာ မြေခွေးအိုကြီးနှယ်၊ ပြဿနာကိုမီးခွက်ထွန်းရှာချင်နေသူနှယ် အလွန်တူလှသည်။
  
ဟန်ရှောင်လင်က အင်္ကျီလက်ကိုခါကာ ထွက်သွားဖို့ ဟန်ပြင်လိုက်ချိန်မှာပင် အနီးကပ်ကိုယ်ရံတော်တစ်ယောက်က အလျင်စလိုလျောက်လာကာ လျှောက်တင်လာသည်။
  
"အရှင်! ဒီငယ်သားက သတိပေါ့ဆမိလို့ မမလေးမုန့်ကို တံတိုင်းအပြင်ဘက်စေလွှတ်လိုက်တဲ့အဖွဲ့ထဲ ရောနှောလိုက်သွားစေသလို ဖြစ်သွားပါတယ်။ ခုဆို မြို့ရိုးရဲ့ဂိတ်တံခါးက လည်း ပိတ်ဖို့လုပ်နေပါပြီ!"
  
အနီးကပ်ကိုယ်ရံတော်၏မျက်နှာက စိုးရိမ်သောကစိတ်ဖြင့် ချွေးတွေရွဲနေသည်မှာ တစ်ဝက်လောက်ဖျစ်ညှစ်ခံထားရသည့် ရေစိုရုပ်ထုတစ်ခုအလား။
  
ထိုစကားကိုကြားသည်နှင့် စန်းယွမ်ယွမ်ကတော့ ချက်ချင်းကို ပျော်ရွှင်သွားတော့သည်။
  
ဇာတ်လိုက်မသာ ဘေးဒုက္ခတွေယူမလာတာမျိုး၊ ပြဿနာရှာတာမျိုး မလုပ်ခဲ့ရင် ဇာတ်လိုက်မလို့ ခေါ်နိုင်ပါဦးမတဲ့လား။
  
ဤအချိန်မှာ ဟန်ရှောင်လင်က မီးပွားတစ်စတည်းဖြင့် ချက်ချင်းပေါက်ကွဲထွက်တော့မည့် ယမ်းမှုန့်စည်ပိုင်းကြီး ဖြစ်နေနှင့်ပြီ ဖြစ်၏။မုန့်ဝူယုံးက ဘာမဟုတ်တာလေးနှင့် ပြဿနာထပ်ရှာပြန်ပြီဖြစ်ကြောင်း ကြားလိုက်ချိန်မှာတော့ သူ့မျက်လုံးထဲက ဒေါသတွေက လျှံကျလာတော့သည်။ သူ ဟိန်းဟောက်ပစ်လိုက်၏။

"ဘာတွေဖြစ်နေတာလဲ!"

အနီးကပ်ကိုယ်ရံတော်ခမျာလည်း အလွန်တရာမှ ကူကယ်ရာမဲ့လျက်သား။

"မမလေးမုန့်က တကယ့်ကို....သွက်လက်တက်ကြွနေတာပါ။ သူက အရှင်နဲ့ မတွေ့ရပေမဲ့ နေရာတိုင်းမှာ "အကူအညီ"တွေ ပေးနေခဲ့တာပါ"
  
ဒါကိုကြားသည့်မည်သူမဆို နားလည်ပေမည်။ အကူညီဟုသာ ပြောနေပေမဲ့ တကယ်တမ်းကျ ပြဿနာရှာနေခြင်းပါပင်။
  
အနီးကပ်ကိုယ်ရံတော်က ကြောက်လန့်စိတ်ကြောင့် ဖိအားများလျက်ရှိသည်။

"ခုနလေးတင် မမလေးမုန့်က ရိက္ခာလှည်းကို မတော်တဆ ဖျက်စီးမိသွားပါတယ်။ လှည်းမောင်းတဲ့လူက အပြစ်တင်ခံရမှာကြောက်လို့ ဒီငယ်သားကို သူ့အတွက် သက်သေခံပေးဖို့ တောင်းဆိုလာပါတယ်။ ရလာဒ်အနေနဲ့ စကားပြောနေတဲ့ ခဏလေးအတွင်းမှာပဲ မမလေးမုန့်က အစအနရှာမရအောင် ပျောက်သွားပါတော့တယ်"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now