အပိုင်း ၂၀၆ ၂၀၇ ၂၀၈

1.9K 260 6
                                    

Unicode

အပိုင်း ၂၀၆

သူက တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် ရုတ်တရက်ခေါင်းငုံ့ကာ အောက်ကိုတစ်ချက်ကြည့်လာသည်။ သူ စန်းယွမ်ယွမ်၏ လက်ကို အမြန်လွှတ်ပေးရင်း ထပ်ခါတလဲလဲ တောင်းပန်လိုက်၏။

"တောင်းပန်ပါတယ်။ ကျွန်တော် မရည်ရွယ်ပါဘူး။ အရမ်းနာသွားလို့ မမလက်ကိုဆွဲမိသွားတာပါ"

"ကိစ္စမရှိဘူး။ စိတ်မပူနဲ့"

စန်းယွမ်ယွမ်က သူမလက်ကိုပြန်ဆွဲယူရင်း ခေါင်းကို တစ်ဖက်လွှဲ၍ ယုံးဝူမင့်လက်ထဲက ရေခဲသစ်သားသေတ္တာကို ကြည့်လိုက်သည်။

"ယောက်ဖတော်တော့ စိတ်ဆိုးတော့မှာပဲ"

သူက အနည်းငယ်မှိုင်တွေညိုးငယ်နေသည့်အသံဖြင့် တိုးတိုးပြောလာသည်။

"ဒါအားလုံး ကျွန်တော့်အမှားပါ။ ကျွန်တော် မမကော်ရဲ့လက်ကို မဆွဲသင့်ဘူး"

ထိုစကားလုံးကိုကြားတော့ စန်းယွမ်ယွမ်သည် သူမစိတ်ထဲကမြင့်တက်လာသည့်ထူးဆန်းသောခံစားမှုကို ခံစားလိုက်ရ၏။ သူမက ကိုယ့်လက်ဖမိုးကိုယ် ငုံ့ကြည့်လိုက်တော့ အနည်းငယ်ထင်းနေသည့် လက်ချောင်းရာတို့ကို မြင်လိုက်ရသည်။

"ကိစ္စအသေးအဖွဲလေးပါ။ စိုးရိမ်စရာမလိုဘူး"

သူမက လက်ကို အဝကျယ်အင်္ကျီလက်ထဲသို့ ပြန်သွင်းရင်း ရှေ့တိုး၍ ရေခဲသစ်သားသေတ္တာထဲက ထူးဆန်းသောအရာကို စစ်ဆေးလိုက်သည်။

"ငါအရင်က ဒါမျိုးတစ်ခါမှ မမြင်ဖူးဘူး"

စန်းပုကျင့်က ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းကာ

"တော်ဝင်သမားတော်ကို တစ်ချက်ပေးကြည့်လိုက်။ သူတို့ တစ်ခုခုရှာတွေ့ရင်လည်း တွေ့မှာပေါ့"

ယွင်ရွှီယန်က သစ်သားဘီးတပ်ကုလားထိုင်ကိုတွန်းကာ တိတ်ဆိတ်စွာ အနားရွေ့လာသည်။ ဖြူလျော်ကာပိန်ပါးသောလက်တစ်ဖက်က စန်းယွမ်ယွမ်၏ အင်္ကျီလက်အနားစကို အသာအယာဆုပ်ကိုင်လာ၏။

သူက စိုးရိမ်ပူပန်နေဟန်ဖြင့် အသံတိုးတိုးဆိုလာသည်။

"ဒါဖြင့် တော်ဝင်သမားတော်ကို မမကော်အတွက်လည်း ကြည့်ခိုင်းရအောင်လေ"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now