အပိုင်း ၂၁၆ ၂၁၇ ၂၁၈ ၂၁၉ ၂၂၀

2K 237 11
                                    

အပိုင်း ၂၁၆

"ဒီအချိန်ကြီးကျမှ ကျန်းယန့်ကျီးက ဘာလို့ ကျန်းကျင်ကျန်းကို ပို့လိုက်ရတာပါလိမ့်"

စန်းယွမ်ယွမ်မှာ အနည်းငယ်ထူးဆန်းနေမိသည်။

ယုံးဝူမင့်က သရော်တော်တော်နိုင်စွာရယ်သည်။

"ဟွမ်ဖူကျွင်းက ဒဏ်ရာရထားတယ်မလား။ သုန်းမြို့တော်မှာ သူ့အသက်ကိုဆွဲဆန့်နိုင်တဲ့ ဂမ္ဘီရမျိုးနွယ်စုကလူရှိရင်တောင် အိပ်ရာထဲမှာ တစ်လကျော်ကျော်လောက် လှဲနေရဦးမှာပဲလေ။ကျန်းကျင်ကျန်းက ရေဒြပ်စင်သမား။ ဆရာတစ်ယောက်လောက်ရှာလို့ရမဲ့ ရှားရှားပါးပါးအခွင့်အရေးကို ကျန်းယန့်ကျီးက ဘယ်လိုလုပ်လက်လွတ်ခံမှာတဲ့လဲ"

သူပြောတာကိုကြားတော့ စန်းယွမ်ယွမ် ရုတ်တရက်ကြီး တစ်စုံတစ်ရာကို အမှတ်ရသွားသည်။

ထိုစဥ်တုန်းက ကျန်းယန့်ကျီးဟာ ရွှေဒြပ်စင်သမားဖြစ်သူ ကျန်းကျင်ယွမ်အား ဟန်ရှောင်လင်၏ ဘေးသို့ပို့ကာ သူနှင့်အတူ ကျင့်ကြံရေးကိုလေ့လာစေခဲ့သည်။ခုဆို ဟွမ်ဖူကျွင်းလိုပြိုင်ဘက်ကင်းအကျော်အမော်တစ်ယောက်က အိပ်ရာထဲမှာလှဲကာ ဒဏ်ရာတွေကုသဖို့ သူ၏ဝိညာဥ်စွမ်းအားတွေပြန်သိုမှီးရပေဦးမည်။ သဘာဝကျကျပင် ကျန်းယန့်ကျီးဟာ ဤအခွင့်အရေးကို အလဟာသအဖြစ်ခံမည်မဟုတ်။ ထို့ကြောင့်နောက်တူတော်မောင် ကျန်းကျင်ကျန်းအား သည်ကိုစေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။

သူမ သည်လိုအသေးစိတ်ကျကျ စီစဥ်တတ်၍လည်း အလွန်ကောင်းမွန်သောဘဝမှာ နေထိုင်နိုင်ခြင်းပေ။

"မြင်မကောင်းရှုမကောင်း ထမင်းဝိုင်းစည်းမျဥ်းကိုဖုံးဖိဖို့ ကျန်းယန့်ကျီးက ကောင်းမွန်တဲ့ရတနာတစ်ပါးကိုပို့ခဲ့လိုက်တာပဲ။အဲ့ဒါက ကိုယ့်ကို အကျိုးအမြတ်ရသွားစေတာပေါ့"

ယုံးဝူမင့်က ခပ်မဲ့မဲ့ပြုံးကာ စားပွဲပုပေါ်မှာတင်ထားသည့် ဟွမ်ဖူတု၏ဦးခေါင်းပါ သစ်သားသေတ္တာကို ဆွဲယူလိုက်သည်။သူက သစ်သီးလှီးဓါးတစ်ချောင်းဆွဲကာ  ကိုယ်ကိုင်း၍ ဓါးဦးချွန်ဖြင့် သေတ္တာအပေါ်မှာ စာလုံးထွင်းလိုက်လေ၏။

"ယုံး"  ဟူ၍။

စန်းယွမ်ယွမ်က ထိုအမျိုးသား၏ အာရုံစူးစိုက်နေသော ဘေးတစ်စောင်းမျက်နှာကိုကြည့်ကာ သူမအကြည့်တွေက တဖြည်းဖြည်းနှင့် တွေဝေနစ်မြောလာသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now