အပိုင်း ၃၁၉ ၃၂၀ ၃၂၁ ၃၂၂ ၃၂၃

1K 137 11
                                    

အပိုင်း ၃၁၉

လူးလှိမ့်နေကြရင်းမှ သူမက ပန်းရနံ့ကဲ့သို့ ထွက်သက်နွေးနွေးကို မှုတ်ထုတ်ရင်း

"ယုံးဝူမင့် ကျွန်မ ရှင့်ကိုသဘောကျတယ်။ ဘယ်အခိုက်အတန့်မဆိုထက် သဘောကျတယ်။ ရှင့်ရဲ့အပူချိန်၊ ရှင့်ရဲ့ကိုယ်သင်းနံ့၊ ပြီးတော့ ရှင့်ရဲ့..."

သူမက မပြီးဆုံးသေးသောစကားကို ခန္ဓာကိုယ်ဗေဒဘာသာစကားဖြင့် ပြောလိုက်၏။

ယုံးဝူမင့်မှာ ခဏမျှကြောင်အမ်းသွားလေသည်။မျက်ဆံနက်တို့က စက်ဝိုင်းခြမ်းတစ်ခုစာလောက် လည်သွားရင်း သူ့စိတ်ထဲက ဟိန်းဟောက်သံကြီးကို ရုတ်တရက်ကြားလိုက်ရလေသည်။

ခံစားချက်တွေက လုံးဝကို ချက်ချင်းလက်ငင်း ထိန်းချုပ်မှုလွတ်သွားကာ သူ့နှုတ်ခမ်းထောင့်တို့က မသိလိုက်စွာကော့တက်သွား၏။သူက သူမအား တင်းတင်းဖျစ်ညစ်ရင်း သူ့အချစ်တို့က ကြီးမားသောလှိုင်းကြီးသဖွယ် နှစ်ယောက်သားကို နစ်မြုပ်သွားစေတော့သည်။

"ပိုးစာပင်လေး ဒါကိုတောင်းဆိုတဲ့လူက မင်းနော်.."

တိုတောင်းသောကာလအတွင်း သူတော့ တကယ်ရူးသွားပြီဟုပင် ခံစားလိုက်ရသည်။

သူ အသိစိတ်ပြန်ဝင်လာချိန်မှာ သူ့လက်မောင်းကြားကလူဟာ မျက်လုံးတင်းတင်းမှိတ်ထား၍ အသက်ရှုမဝလုနီးပါးဖြစ်နေလေသည်။

သူကိုယ်တိုင်လည်း အခြေအနေမကောင်းလှ။ နှလုံးသားက အရိုင်းဆန်ဆန်ခုန်ပေါက်နေပြီး အဆုံးစွန်သော ကျေနပ်မှုက သူ့အား ခုချက်ချင်းပင် သေသွားချင်စိတ်ပေါက်စေသည်။

သူ သူမကို တင်းတင်းဖက်ထားရင်း သူမအား အရာအားလုံးပေးချင်သလို တစ်ချိန်တည်းမှာ သူ၏ ကိုယ်ပိုင်အသွေးအသားထဲသို့ မြုပ်ထားချင်လှသည်။

လောလောဆယ်တော့ ဘယ်သူက ဘယ်သူ့ကိုအနိုင်ကျင့်နေလဲ သူ မပြောတတ်တော့ပါပေ။

……

တစ်နာရီ၏ လေးပုံ ၂ပုံစာလောက်ကြာပြီးနောက် နှစ်ယောက်သားမှာ အဝတ်လဲလို့ ပြီးသွားကြပြီ ဖြစ်သည်။

သူမက နူးညံ့သောမျက်ဝန်း၊ နီရဲသောပါးပြင်နှင့်အတူ သူ့အား မှီတွယ်လာသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now