Unicode
သူမ မခံနိုင်သည့်လစ်မစ်ရောက်ဖို့ဆိုတာ အဝေးကြီး လိုသေးသည်။ ဤခံစားချက်က တကယ်တော့ မိုးကြိုးပစ်ခံရပြီးနောက်မှာ သူမ မြေပြင်ပေါ် အသိစိတ်မဲ့စွာလဲကျနေရင်း သေခြင်းတရားကို စောင့်မျှော်နေစဥ်က ခံစားချက်နှင့် အလားတူသည်။ သည်လို အဆိုးရွားဆုံး အတွေ့အကြုံမျိုးကို ခံစားခဲ့ရပြီးသည့်နောက်မှာ ဤအခိုက်အတန့်က ညှင်းပမ်းခံရမှုမျိုးက အသေးအဖွဲကိစ္စအလား ရှိတော့သည်။
သူမ၏ ဖြူလျော်နေသောမျက်နှာဟာ ခန္ဓာကိုယ်၏ သဘာဝအလျောက်တုံ့ပြန်မှုပင်ဖြစ်သည်။ သို့ပေမဲ့ တကယ်တမ်းမှာ သူမနှလုံးသားဟာ အလွန်ပင် တည်ငြိမ်နေပေသည်။
လင်ကူးက သူမလက်ကို ခဏ ခဏဆိုသလို သူမမျက်နှာရှေ့၌ လာယမ်းပြ၏။
စန်းယွမ်ယွမ်မှာ ရယ်ရမလို ငိုရမလိုပါပင်။"လင်ကူး! ကျွန်မ သတိမလစ်နေပါဘူး"
လင်ကူးက သူမကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ရုတ်တရက် သတိရကာ စွမ်းအင်ဗဟိုချက်သန့်စင်ဆေးရည်အနည်းငယ်ကို လက်သူကြွယ်ဖြင့် တို့ယူကာ ပါးစပ်ထဲထည့်၍ အရသာခံကြည့်လိုက်၏။
".......ခုထိတော့ မပုပ်သေးဘူးပဲ"
စန်းယွမ်ယွမ် : "......."
သူမအရေပြား၏ မျက်နှာပြင်ကနေ အညစ်အကြေးတွေ စတင်စိမ့်ထွက်နေပြီဖြစ်သည်။
လူသားတွေဟာ အုတ်ဂျုံတွေ ကြမ်းတမ်းသည့် နှံစားပြောင်းတွေကို စားသုံးကာ နေ့စဉ်ထိတွေ့သောအရာများဟာလည်း အစိုဓာတ်နှင့် အဆိပ်အတောက်များကို အတိုင်းအတာတစ်ခုအထိ သယ်ဆောင်လာပြီး အသက်ရှူနေစဉ် ဖုန်မှုန့်များကိုလည်း ရှူရှိုက်မိတတ်သည်။ ထို့ကြောင့်ပင် အသက်ကြီးလာလေ၊ ခန္ဓာကိုယ်ဟာ ညစ်ညမ်းလာလေဖြစ်သည်။
စွမ်းအင်ဗဟိုချက်သန့်စင်ဆေးရည်ဖြင့်အညစ်အကြေးပထမအလွှာကို သန့်စင်ပြီးနောက်မှာ စန်းယွမ်ယွမ်သည် စိတ်ကြည်လင်လာသလို အမြင်အာရုံတွေလဲ ကြည်လင်လာတာကို ခံစားလိုက်ရသည်။သူမ၏ သွက်လက်ဖျတ်လတ်မှုတွေက ၁၀၀ရာခိုင်နှုန်းထိ မြင့်တက်လာသည်မှာ ကလေးဘဝကိုပင် ပြန်ရောက်သွားသည့်အလား။
ထို့ပြင် နက်ရှိုင်းသည့် ကူးပြောင်းသည့်အဆင့်ရောက်ပြီမှန်းလည်း သူမ ခပ်ရေးရေး သတိထားမိနေသည်။
သူမ၏ ဝင်သက်နှင့်ထွက်သက်ကြားမှာ မြက်နှင့်သစ်ပင်တို့၏ အနံ့က ပိုပြင်းထန်လာကာ သူမမျက်လုံးရှေ့မှာလည်း ပုံရိပ်ယောင်တစ်ခုက ရုတ်ချည်းပေါ်လာသည်။ ယင်းက ဝန်းကျင်တစ်ခွင်မျောလွင့်နေသည့် ပိုးစုန်းကြူးတွေနှင့်တူသည့် အစိမ်းရောင်အလင်းအစက်အပြောက်လေးများနှယ်။
"မင်းသမီး"
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
أنت تقرأ
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
عاطفيةစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️