အပိုင်း ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂

3.5K 444 12
                                    

Unicode

အပိုင်း ၁၀၆

သူတို့တွေ အနားရောက်လာချိန်မှာ မိန်းကလေး၏ လက်ဖျံ၌ လက်သည်းစင်းရာတစ်ခုရှိနေတာကို တွေ့လိုက်ရလေသည်။

မြောက်မြားစွာသော အဖြူရောင်ဝတ်ရုံခြုံနတ်ဆရာများမှာ သေလောက်အောင်ကြောက်လန့်သွားကြသည်။ ထိုဒဏ်ရာက ယစ်ပူဇော်ပွဲမတိုင်ခင် ဖြစ်ထားသည့် ဒဏ်ရာဟောင်းလား သို့မဟုတ် သူတို့တွေ အလောင်းသယ်လာချိန်မှာ ဖြစ်သွားသည့် ဒဏ်ရာသစ်လားဟူသည်ကို စုံစမ်းစစ်ဆေးနေကြတော့သည်။

"အနာအဆာသေးသေးလေးတောင်မှ ခွင့်ပြုလို့မရဘူး!"

နတ်ဆရာတစ်ယောက်က အလွန်အမင်းထိတ်လန့်နေဟန်ဖြင့်

"ဘာတစ်ခုမှ အမှားမရှိတာသေချာအောင် နောက်ထပ်ပြီးပြည့်စုံတဲ့ ယစ်ကောင်ထပ်ရှာတာ အကောင်းဆုံးပဲ!"

ချက်ချင်းပင် တစ်စုံတစ်ယောက်က မိန်းမငယ်တစ်ဦးကို ရှေ့သို့ တွန်းထုတ်ပစ်လိုက်၏။

"ဆရာကြီး ဒီမှာပါ။ သူ့ကိုကြည့်ပါ။ သူ့မှာ ဘာပြဿနာမှ ရှိမနေပါဘူး!"

ကြည့်ရတာ ကုန်ရောင်းနေသည်နှင့်ပင်တူလှသည်။

အနည်းငယ် ထိတ်ခနဲဖြစ်သွားမှုနှင့်အတူ စန်းယွမ်ယွမ်က လှမ်းကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ ထိုမိန်းမငယ်ကလည်း ခေါင်းမော့လာကာ တုန်လှုပ်နေသည့်မျက်ဝန်းတစ်စုံက စန်းယွမ်ယွမ်ထံ မြဲမြဲမြံမြံကျရောက်လာသည်။ယင်းက သူမမျက်လုံးထဲမှာ ဆန်းကြယ်သည့်ကြယ်တာရာတွေ ချာချာလည်နေသည့်အလား။

စန်းယွမ်ယွမ်သည် မိန်းမငယ်၏ နှုတ်ခမ်းက လှုပ်ရှားသွားတာကို မြင်လိုက်ရသည်။ ၎င်းက "ကူညီပါ" ဟု နှုတ်ခမ်းလှုပ်ပြောလိုက်သလိုမျိုးပင်။

စန်းယွမ်ယွမ်ကိုယ်က တုန်ယင်သွားကာ ယုံးဝူမင့်၏ လက်ကို မသိလိုက်စွာပင် တင်းတင်းဆုပ်ကိုင်မိသွားသည်။

ယုံးဝူမင့်၏ မျက်ခွံတို့က လှုပ်ခတ်သွား၏။

အနီးကပ်ကိုယ်ရံတော်တွေက ရှေ့တိုးကာ လူအုပ်ကြီးကို ဘေးချဲပစ်လိုက်သည်။ ယုံးဝူမင့်က ထိုနေရာသို့ မနှေးမမြန်ဖြင့် လှမ်းလို့လာသည်။ သူက အလောင်းကို မျက်လုံးမှေးကြည့်လိုက်ရင်း ဆိုလိုက်၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now