အပိုင်း ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀

2.3K 274 4
                                    

Unicode

အပိုင်း ၁၈၆

တစ်စုံတစ်ယောက်ကလည်း သည်လိုမျိုး "အိမ်ရှေ့စံအစားတောကြောင်ရိုင်းကိုအစားထိုးခြင်း"အစီအစဉ်ဖြင့် လူတိုင်းအား တိတ်တဆိတ်လှည့်စားကာ ကျွမ်းကျင်သူအဆင့်မြင့်ကျင့်ကြံသူများတိုက်ရိုက်စောင့်ကြည့်နေသည့်အကြည့်အောက်မှာ ဤအတုအယောင်ကို အောင်အောင်မြင်မြင် လဲလှယ်နိုင်ခဲ့ကာ အရူးလုပ်သွားနိုင်လိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ ထင်မထားမိခဲ့တာတော့ စိတ်မကောင်းစရာပင်။

"ယုံးဝူမင့်"

ခရမ်းရောင်ဝတ်လူငယ်က သွေးတစ်လုတ်အန်ရင်း အနောက်ဘက်ကို ဒရွတ်တိုက်ရွှေ့ကာ ပြောလာသည်။

"သည်တစ်ခေါက် ငါရှုံးတာဝန်ခံတယ်။ဒါပေမဲ့ မင်းငါ့ကို သတ်လို့မရဘူး!"

"အိုး"

ယုံးဝူမင့်က နှုတ်ခမ်းထောင့်ကိုတွန့်ရင်း လက်ထဲကဓါးနှင့်အတူ ဂရုမစိုက်စွာ ချဉ်းကပ်လာသည်။

"ဒါဆို ပြောစမ်းပါဦး။ ငါက မင်းကိုဘာလို့ သတ်လို့မရတာလဲ ဟွမ်ဖူတု "

ဟွမ်ဖူတု? သူမထိုနာမည်ကိုကြားလိုက်ရသည်နှင့် စန်းယွမ်ယွမ်မှာ ဤဇာတ်ကောင်ကို ချက်ချင်းမှတ်မိသွားတော့သည်။

ဟွမ်ဖူအိမ်တော်ဟာ သူတို့မိသားစုတစ်ခုတည်းအင်အားဖြင့်ပင် ကျင့်၊ တု၊ ဟွမ်ဖူ ဟူသော နယ်မြေအပါအဝင် အရှေ့ဘက်ခြမ်းက စစ်မျက်နှာတစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်ခဲ့သည်။

သူတို့ထဲမှာမှ ကျင့်ပြည်နယ် မဟာတံတိုင်း၏ နယ်ခြားစည်းအပိုင်းတစ်ပိုင်းစာကို တာဝန်ယူရသူဟာ ဟွမ်ဖူကျွင်း၏ မွေးစားသား ဟွမ်ဖူတုပင် ဖြစ်ပေသည်။

ဤသားကို ဆွေမျိုးနီးစပ်တစ်ယောက်ထံမှ မွေးယူထားခြင်း ဖြစ်သည်။ သူကလေးဘဝကတည်းက ဟွမ်ဖူကျွင်းဟာ သူ့နံဘေးခေါ်ထားကာ အစွမ်းကုန် ပျိုးထောင်ကျင့်ကြံပေးခဲ့သည်။

ဟွမ်ဖူကျွင်းဟာ ခုထိလက်မထပ်ရသေးတာကြောင့် သုန်းပြည်နယ်၏ အိမ်ရှေ့စံနေရာက သူ၏ သားအလောင်းအလျာအတွက် လျာထားဆဲပင်။

ထို့ကြောင့် သူဟာ ဟွမ်ဖူတုအား အိမ်ရှေ့စံဘွဲ့ အပ်နှင်းမရခဲ့။ သို့သော်လည်း ထိုအစား  စစ်တပ်၌ အာဏာနှင့် ဂုဏ်သိက္ခာကို ရစေသော တူးကျွင်း(ပြည်နယ် စစ်မက်ရေးရာ နယ်စားအမတ်)ဘွဲ့ပေးအပ်ခဲ့၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now