Description

21.9K 832 6
                                    

Unicode

စန်းယွမ်ယွမ်သည် ရှေးခေတ်sadistic ရိုမန့်ဖန်တစီ နိုဗယ်ထဲသို့ ကူးပြောင်းသွားကာ ဇာတ်လိုက်၏ စောစောစီးစီးသေရမည်ဖြစ်သော ကံဆိုးသူလရောင်ဖြူလေး ဖြစ်လာလေသည်။

ဇာတ်လိုက်က သူမကိုချစ်သည်။ ဇာတ်ပို့က လည်း သူမကိုချစ်သည်။

အမျိုးသမီးဇာတ်လိုက်ဟာ သူမနှင့်တူသည့်မျက်နှာရှိခြင်းကြောင့် ယောက်ျားအားလုံး၏ နင်းခြေစော်ကားခြင်း၊ ညှင်းပမ်းခြင်းနှင့် အချစ်ခံရခြင်းတို့ဖြစ်ကာ အသည်းတွေကွဲ၍ ဒဏ်ရာရတော့သည်။

ဇာတ်လိုက်နှင့် ဇာတ်လိုက်မ၏ ဆက်ဆံရေးဟာလည်း အချိုးအကွေ့ အလှည့်အပြောင်း များဖြင့် ပြည့်နှက်နေပြီး သေခြင်းနှင့်ရှင်ခြင်းကြားမှာ ညှင်းပမ်းခံရကာ နောက်ဆုံးကျမှ ပျော်ရွှင်စရာဇာတ်သိမ်းရရှိလာလေသည်။

စန်းယွမ်ယွမ် : တောင်းပန်ပါတယ်။ ငါ ...ပထမဆုံးအနေနဲ့ ငါမသေချင်ဘူး။ဒုတိယအနေနဲ့ ညှင်းပမ်းနှိပ်စက်မခံချင်ဘူး။ဒါကြောင့် ငါ ဗီလိန်ကြီးနဲ့ပဲ လိုက်ပြေးဖို့ ရွေးချယ်လိုက်ပြီ။ ခွင့်လွှတ်ပါ ဘိုင့်ဘိုင်။

ခပ်ရှည်ရှည်မျက်ဝန်းအိမ်တို့ကို မှေးစင်းကာ ပျင်းရိပျင်းတွဲအမူအရာနှင့်အတူ နွေဦး၏ လေညှင်းကဲ့သို့ နှုတ်ခမ်းတွန့်ပြုံးလိုက်သော ဗီလိန်ကြီး :

"ငါ့အနားမှာနေရင် ငရဲကလွဲလို့ ဘာမှမရှိဘူး"

သူမက သုံးစက္ကန့်လောက်စဥ်းစားလိုက်၏။

"ငရဲမှာ ကုန်းမြေရှိလား"

"စွန့်ပစ်မြေပဲရှိတယ်"

"ရေရောရှိလား"

"သွေးပဲရှိတယ်"

သူဟာ သူမ၏ အကြောက်တရားနှင့် လမ်းပျောက်သွားမှုကို မြင်လိုပြီး အော်ဟစ်ကာ ထွက်ပြေးမည့်အချိန်ကို စောင့်နေမိသည်။ သို့သော်လည်း ထိုအစား သုံးစက္ကန့်လောက်ကြောင်အမ်းနေအပြီးမှာ ထိုအမျိုးသမီးမျက်ဝန်းတို့က ခပ်ဖျော့ဖျော့ တောက်ပလာလေသည်။

"မျိုးကွဲအသစ်ကို စမ်းကြည့်ရမဲ့ အခွင့်အရေးကောင်းကြီးပဲ!"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now