အပိုင်း ၂၃၁ ၂၃၂ ၂၃၃ ၂၃၄ ၂၃၅ ၂၃၆ ၂၃၇

2K 210 14
                                    

အပိုင်း ၂၃၁

"ရွှေခုနစ်ခြင်း!"

တစ်စုံတစ်ယောက်က ထပ်အော်လာပြန်သည်။

"ရွှေ၁၅ခြင်း!"

တရွှမ်းရွှမ်းသံများကြားရပြီးနောက် ဗိုက်လုံးလုံးနှင့် လူချမ်းသာကုန်သည်တစ်ယောက်က လက်ထဲမှာ တောက်ဖြာလင်းလက်နေသော ရွှေလက်မှတ်တွေကိုကိုင်ရင်း လူအုပ်ကြားက တိုးထွက်လာသည်။

"ဒီရွှေလက်မှတ်တွေက ဘယ်ပိုင်နက်နယ်မြေမှာမဆိုလဲလို့ရတယ်!"

ယုံးဝူမင့်၏ မျက်လုံးနက်တို့က တောက်ပသွားကာ အနည်းငယ်စိတ်ဝင်စားလာသောအကြည့်က သက်လတ်ပိုင်းလူချမ်းသာကုန်သည်လက်ထဲက ရွှေလက်မှတ်ပေါ် ကျရောက်သွား၏။

"ဆယ့်ခြောက်ခြင်း!"

ပထမဆုံးဈေးစခေါ်ခဲ့သော ဥာဏ်များသည့်မျက်နှာနှင့်လူငယ်က ဒေါသများဖြင့်နီရဲလာသည်။

"အရင်ရောက်တာကျုပ်ဗျ။ ခင်ဗျားတို့ခုနကပဲ ကျုပ်ကိုလှောင်ထားတာမလား။ ခုကျ ကျုပ်နဲ့လာယှဥ်ပြိုင်နေတယ်ပေါ့ !ခင်ဗျားတို့ ကိုယ့်မျက်နှာကိုယ် မလိုချင်တော့ဘူးလား!"

သက်လတ်ပိုင်းကုန်သည်အမျိုးသားက ခပ်မြူးမြူးပြုံးကာ ဆိုသည်။

"ခြင်း ၂၀! ဒီကညီငယ်...ခုနက မင်းကိုလှောင်ရယ်နေတဲ့လူတွေနဲ့ အခုလေလံပြိုင်ဆွဲနေတဲ့လူတွေက အုပ်စုမတူဘူးလေ နားလည်ရဲ့လား"

ပါးစပ်ဟကာ ရယ်မောခဲ့ကြသော လူများဟာ အလှလေးကိုရွှေတစ်ခြင်းဖြင့်ရဖို့ မျှော်လင့်နေသည့် အချောင်လိုချင်သူများဖြစ်သည်။ အသပြာမရှားသော လူများကတော့ အသာပြာဖြင့် ဖို့သတ်ဖို့ပင် ပြင်ဆင်နေခဲ့ကြပြီးသားဖြစ်၏။

ဈေးက ရွှေခြင်း၂၀ ထိမြင့်လာသည်နှင့် လူတွေက စတင်တွက်ချက်လာတော့သည်။အလှလေးနှင့် တစ်ညကုန်ဆုံးဖို့ ရွှေခြင်း နှစ်ဆယ်အား တစ်ပါးသူအားပေးရဦးမည်။ လှေပေါ်ရောက်လျှင်လည်း ကမာနတ်ဘုရားမ ဝမ်းနည်းမသွားအောင် ဈေးကြီးလှသောပိုးကြေးပန်းကြေးများ ပေးရဦးမည်ပင်။

သည်တွက်ချက်မှုအရ သူတို့တွေမှာ ဆုံးရှုံးဖို့များနေပေ၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now