အပိုင်း ၂၇

4.2K 490 1
                                    

Unicode

  
စန်းယွမ်ယွမ်စိတ်ထဲမှာ တွန်းအားတစ်ခုက ရုတ်ချည်းပေါ်လာသည်။
  
သည် မဲနက်နေသည့်နေရာကနေ ထွက်ပြေးကာ စန်းပြည်နယ်သို့ ပြန်ချင်စိတ်က အရင်ကထက် ပိုလာသလိုပါပင်။
  
ကြောက်စရာကောင်းသည့် သည်ကောင်တွေနှင့် ဝေးဝေးနေချင်လှပါ၏။
  
ဟန်ရှောင်လင်က လက်တစ်ဖက်မြှောက်ကာ သူမပခုံးပေါ် ခပ်လေးလေးဖိလာသည်။
  
သားရဲတစ်ကောင်၏ လည်ပင်းကနေ ကိုင်မြောက်ခြင်းကိုခံထရသည့် သားကောင်အလား သူမမှာ မလှုပ်ရဲချေ။ဟန်ရှောင်လင်က မုန့်ဝူယုံးအပေါ် ကြောက်စရာကောင်းသည့် ဒီလိုကိစ္စတွေကို တကယ်ကြီးလုပ်ရဲပြီဆိုမှတော့ သူမရှေ့မှာ လိပ်ပြာမလုံသလို ခံစားရတော့မှာ မဟုတ်မှန်း သူမသိနေသည်။ဒီတိုင်းဆို သူက ဂုဏ်သိက္ခာရှိရှိဖြင့် ခန်းမကိုဖြတ်ကာ အတွင်းဆောင်ထဲဝင်၍ သူမကို အပြည့်အဝ ပိုင်ဆိုင်နိုင်တော့မည်ပဲ ဖြစ်လေသည်။

သူမက ဒီလိုလူဘေးမှာနေပြီး ဒီလူ့ကို လူမဟုတ်သရဲမဟုတ် ခန္ဓာကိုယ်ပိုင်ရှင်(အခုတ်ခံရမဲ့ မုန့်ဝူယုံး)နဲ့အတူတူ တစ်သက်လုံးမျှဝေသုံးသွားရတော့မှာတဲ့လား။
  
သူမနှလုံးသားအောက်ခြေကနေ တုန်လှုပ်ခြောက်ခြားလာသော်လည်း ကိုယ်ဟန်အနေအထားကတော့ ဖြောင့်ဖြောင့်မတ်မတ် ရှိနေဆဲဖြစ်ကာ မျက်နှာအမူအရာကလည်း အတော်တည်ငြိမ်နေသည်။
  
ဤအချိန်မျိုးမှာ သူမအတွက်တော့ မုန့်ဝူယုံးတစ်ယောက် သူမခေါင်းပေါ်မှာ ရွှေလက်ချောင်းကြီးဆက်ရစ်ဝဲနေပါစေဟု ဆုတောင်းရုံသာရှိတော့သည်။
  
ဟန်ရှောင်လင်၏ အမူအရာက အနည်းငယ်ဖြူလျော်နေဆဲဖြစ်ပေမဲ့ ကြောက်လန့်ကာ ဖိအားများသည့်အခြေအနေမျိုးတော့ မရှိတော့ပေ။ သူက လက်ဝေ့ယမ်းပြကာ အစေခံတွေကိုနောက်ဆုတ်ဖို့ အချက်ပြ၍ စန်းယွမ်ယွမ်ကို သူ့အတွက် ဝိုင်ငဲ့စေလိုက်သည်။
  
"ယုံးဘုရင်အတွက်!"

ဟန်ရှောင်လင်က ပြုံးကာ ဝိုင်ကိုမော့ချရင်းမှ ခပ်ကျယ်ကျယ်အော်လိုက်၏။

"စန်းအာ..ခွက်အဝရောက်တဲ့အထိ ဖြည့်လိုက်"
  
စန်းယွမ်ယွမ်က ဝိုင်ငဲ့ပေးပြီးမှ ဘေးနားမှာ တိတ်တဆိတ်ထိုင်နေလိုက်သည်။
  
သူမကိုယ်သူမ တောင်ပေါ်ဓါးပြတစ်ယောက်ထံမှ ပြန်ပေးဆွဲခံလာရသည့် မိသားစုကောင်းက အမျိုးသမီးလေးအလားတောင် ထင်မိလာပါ၏။
  
ဟန်ရှောင်လင်၏ ဘေးမှာထိုင်ပြီး မျက်လုံးလေးတစ်ချက်အနည်းငယ် ပင့်လိုက်လျှင်တော့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ယုံးဝူမင့်ကို မြင်နေရပေသည်။
  
ယုံးဝူမင့်ကြည့်ရတာ အနည်းငယ် စိတ်မရွှင်ပုံပေါက်နေကာ မေးကိုအနည်းငယ်မော့၍ နန်းဆောင်အပြင်ဘက်က ကြယ်တာရာများစွာကိုကြည့်ရင်း ဝိုင်ကိုငဲ့ကာ မော့သောက်လိုက်လေသည်။
  
"ဟမ့်"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now