အပိုင်း ၄၇

4.2K 524 7
                                    

Unicode

  
"ကျွန်မ သဘောကျတဲ့လူအတွက် ကျွန်မပိုပြီီး အသက်ရှင်ချင်တာပေါ့"

သူမက သူ၏ အနည်းငယ်မူမမှန်ဖြစ်နေသည့် အကြည့်တို့ကို တည့်တည့်စိုက်ကြည့်ကာ လက်ကိုဆန့်ထုတ်ပြီး ရဲတင်းစွာပင် သူ့ကို သိုင်းဖက်ပစ်လိုက်၏။

"အသက်ရှင်ရတာ ခက်ခဲမယ်ဆိုရင်တောင် ကျွန်မကတော့ ကောင်းကောင်းရှင်သန်ချင်တယ်။ကျွန်မ သဘောကျရတဲ့လူအတွက် ပျော်ရွှင်မှုလေး နည်းနည်းလောက်ဖြစ်ဖြစ် ယူဆောင်ပေးချင်တယ်လေ"
  
သူမက သူ့ကိုကြည့်ဖို့ မျက်နှာသေးသေးလေးကို မော့လိုက်သည်။

"ယုံးဝူမင့် ရှင့်ကိုယ်ရှင် အခွင့်အရေးတစ်ခုလောက်ပေးလိုက်စမ်းပါ။ဒီခဏတာ ပျော်ရွှင်မှုလေးထက်ပိုကောင်းတဲ့ စိတ်ဝင်စားစရာအများကြီးလုပ်ဖို့အတွက် ကျွန်မရှင့်ကို အဖော်ပြုပေးသွားမှာပါ"
  
သူက သူမကို စိုက်ကြည့်လိုက်သည်။သူ့အား မကြောက်မလန့်နှင့် သဘောကျသည်ဟု ပြောရဲသော ထိုအမျိုးသမီးမျိုးကို ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ချေ။ နောက်ထပ်လည်း ရှာမတွေ့ဖြစ်ဖို့ များပေ၏။
  
သူ့နှုတ်ခမ်းထောင့်ရှိ ထူးဆန်းလှသော အပြုံးတစ်ပွင့်က ပို၍ ခိုင်မာလာသည်။
  
သူမခန္ဓာကိုယ်က ရေနွေးနွေးထဲမှာ ရှိနေပေမဲ့လည်း စန်းယွမ်ယွမ်မှာ ရုတ်ချည်းဆိုသလို အေးစက်မှုကို ခံစားလိုက်ရ၏။သူမခမျာ သွားချင်းရိုက်သံ တစ်ဂတ်ဂတ် ထွက်မလာစေဖို့ရာ အတင်းအကြပ်သွားစိထားလိုက်ရသည်။
  
"တကယ်လား"

သူက နှုတ်ခမ်းပါးပါးကိုလှုပ်ရှားလိုက်ရင်း မပွင့်တပွင့်ဆိုလာသည်။
  
စန်းယွမ်ယွမ်က အမြန်ခေါင်းညိတ်ပြလိုက်တော့ ထိန်းချုပ်မရတော့သော မျက်ရည်တစ်စက်က ပေါက်ခနဲကျလာကာ ရေငွေ့ဖြူဖြူတွေထဲသို့ တန်းကျသွားတော့သည်။
  
"ကိုယ့်အတွေးတွေကို ပျက်ပြယ်အောင်လုပ်နိုင်တဲ့လူ ဘယ်သူမှ မရှိသေးဘူး"
  
ပြောပြီးသည်နှင့် သူက သူမအား သစ်သားစည်ပိုင်းကိုယ်ထည်မှာ ဖိကပ်ပစ်လိုက်သည်။
  
ရေလှိုင်းတွေက ထသွားကာ သူဟာ သူ့ခန္ဓာကိုယ်၏ အားသန်မှုကို အခွင့်ကောင်းယူ၍ သူမအား ထွက်ပေါက်မရအောင် ချောင်ပိတ်ပစ်တော့သည်။
  
သူ့ခန္ဓာကိုယ်အပူချိန်က အံ့အားသင့်ဖွယ်ကောင်းအောင် မြင့်တက်နေကာ လှုပ်ရှားမှုတွေကလည်း အထိန်းအကွပ်မဲ့နေသည်။ ခုချိန်မှာတော့ သူဟာ ဘာတစ်ခုမှ ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိတော့ချေ။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now