အပိုင်း ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅

2.3K 272 8
                                    

အပိုင်း ၁၉၁

ယုံးဝူမင့်က လျို့ဝှက်ဆန်းကြယ်စွာဖြင့် သူမရှေ့သို့ တိုးလာကာ မျက်ခုံးကိုခပ်မြင့်မြင့်ပင့်ရင်း ဆိုလေ၏။

"ဟိုတုန်းက ကိုယ်က ယွင်ရွှီကျိုးနဲ့ လက်ထပ်လုနီးပါး ဖြစ်သွားသေးတယ်။ပိုးစာပင်လေး ဟန်ဆောင်မနေနဲ့တော့။ ဒီကိစ္စကို မင်းဘယ်လိုလုပ် မသိဘဲ နေမှာလဲ"

စန်းယွမ်ယွမ် တကယ့်ကို မသိခဲ့ပါချေ။

စာအုပ်က မဟာနတ်ဆိုးဗီလိန်အရှင်ကြီး နှလုံးသားမမဲညစ်ခင်က အဖြစ်အပျက်တွေကို ထည့်မရေးခဲ့ချေ။

သူ့မှာ တကယ်ပဲ အချစ်သမိုင်းကြောင်း ရှိခဲ့ဖူးတာလား။

ကြည့်ရတာ သူမဖျားနေ၍လည်း ဖြစ်နိုင်သည်။ သူပြောတာ နားထောင်ရင်း သူမရင်ဘတ်က လေးလံသော ဝါဂွမ်းသိုးမွေးလုံးများဖြင့် ထိုးသိပ်ခံလိုက်ရသလိုဖြစ်ကာ ရုတ်တရက် မွန်းကြပ်သွားသည်။အလွန်အမင်း မွန်းကြပ်လာတာကြောင့် သူမ သူ့ကို ဆက်ကြည့်ချင်စိတ်တောင် မရှိတော့ပေ။

"မင်း စိတ်ဆိုးသွားပြီ"

သူက ကိုယ်ယိမ်းကာ လက်ညိုးဖြင့် သူမမေးစေ့ကို ပင့်မော့ရင်း အပြုံးနှင့် ဆိုလာသည်။

"ပိုးစာပင်လေး စိတ်ဆိုးသွားပြီပဲ!"

"ပိုးစာပင်လေး!"

သူက ဆက်ပြော၏။

"မင်းနဲ့ ဟန်ရှောင်လင်တောင် ကြီးကျယ်ခမ်းနားတဲ့ထိမ်းမြားမင်္ဂလာပွဲကို ကျင်းပခဲ့ကြသေးတာမလား။ ကိုယ်ဖြင့် ခုထိတောင် စိတ်မဆိုးရသေးဘူးနော်!"

သူမက မျက်လွှာပင့်ကာ သူ့ကိုကြည့်ရင်း ရန်လိုစွာ ပြောလိုက်သည်။

"အမှုထမ်းအရာထမ်းတွေကျ ကြိုက်သလိုမီးရှို့ခွင့်ရတယ်။ သာမန်လူကျ မီးအိမ်တောင် ထွန်းမရဘူးပေါ့[1]။ ကျွန်မက စိတ်ဆိုးချင်တာတောင် ဆိုးမရဘူးလား !"

ယုံးဝူမင့်က ခဏမျှကြောင်အမ်းသွားပြီးမှ သူ့နဖူးသူ အုပ်ကာ ရယ်လေသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီ!"

သူ့ပုံက အတော်ကြီး ပျော်နေပုံပေါက်သည်။သွားပေါ်အောင် ပြုံးရယ်နေသော နှုတ်ခမ်းထောင့်များက အတော်ကြာအောင် ပိတ်မသွားခဲ့ပေ။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant