အပိုင်း ၄၆

3.7K 492 2
                                    

Unicode

  
စန်းယွမ်ယွမ်၏ ဦးရေပြားက ထုံကျဥ်သွားကာ ခန္ဓာကိုယ်က တင်းကြပ်သွားသည်။
  
ယုံးဝူမင့်က နှုတ်ကနေ "အာ" ဟု ထွက်လိုက်ရင်း ဆိုလာ၏။

"သွားကြစို့။ သွားကြစို့။ အဲ့ဒီ ဟန်မျိုးရိုးက စာရင်းရှင်းဖို့ ကိုယ့်ကိုလာရှာလိမ့်မယ်"
  
သူက သူမကို လှမ်းဖက်ကာ သွမ်မင့်ကျောပေါ်ခုန်တက်၍ တံတိုင်းထက်နေ လေပြင်းအလား ထိုးဆင်းချလာကာ နောက်ဆုံးမှာတော့ တောင်ဘက်ပိုင်းရှိ ယုံးမြို့စောင့်တပ်ထံ ရောက်ရှိသွားလေသည်။
  
ယာယီနန်းဆောင်က ဧရာမကျောက်တုံးနက်ကြီးများဖြင့် ဆောက်လုပ်ထားသည်။ သို့ပေမဲ့ အတွင်းမှာတော့ အသုံးအဆောင်တို့ အပြည့်အဝရှိပေ၏။
  
ယုံးဝူမင့်က ဇက်ကြိုးကိုဆွဲကာ အပြင်၌ခဏမျှ နေနေလိုက်သေးသည်။ ဟန်ရှောင်လင် သူ့နောက်လိုက်မလာတာ အတည်ပြုပြီးကာမှ သူ၏ ပျင်းရိပျင်းတွဲအမူအရာကို ပြန်ထုတ်ကာ  တစ်ယောက်ယောက်အား ရေနွေးပြင်ထားပေးဖို့နှင့် အစားအသောက်များ တည်ခင်းထားဖို့ မှာကြားလိုက်လေသည်။
  
သူက သူမကို ခါးကနေ ဆွဲပွေ့ခေါ်ကာ ဘေးခန်းထဲ ဝင်လိုက်၏။
  
တိတ်ဆိတ်လှသော အစေခံဟာ အငွေ့ဖြူဖြူတို့ထောင်းထောင်းထနေသည့် ရေနွေးနွေးတို့ရှိနေသည့် သစ်သားစည်ပိုင်းကြီးကြီးကို ပြင်ထားပြီးပြီဖြစ်သည်။တစ်ဖက်မှာလည်း ဆပ်ပြာအကြည်တစ်တုံး၊ ဖြူလွှလွှအဝတ်စနှင့်အဝတ်သန့်သန့်——နှစ်စုံကိုပါထား,ထားပြီ ဖြစ်ပေသည်။
  
စန်းယွမ်ယွမ်ရင်ထဲရှိ နှလုံးသားက အခုန်မြန်လာသည်။
  
ဒင်းက သူမနဲ့ ရေအတူချိုးဖို့လုပ်နေတာလား။ မဟုတ်လောက်ပါဘူးနော်။
  
ယုံးဝူမင့်ကတော့ သူမကို စည်ပိုင်းနားသို့ပင် ဆွဲခေါ်လာခဲ့ချေပြီ။
  
"ယုံးဝူမင့်"

စန်းယွမ်ယွမ်က မျက်လွှာချရင်းစိတ်ထိခိုက်ဟန်ဖြင့် မေးလိုက်၏။

"ရှင် ကျွန်မကို တကယ်ပဲသေစေချင်နေတာလား"
  
သူက သူမအဝတ်အစားတွေကိုချွတ်ဖို့ စတောင်စနေပြီ ဖြစ်သည်။
  
ဤစကားကိုကြားတော့ သူ့လှုပ်ရှားမှုတွေက ရပ်သွားလေသည်။
  
သူက ခြေလှမ်းကိုရှေ့တိုးရင်း သူမရှေ့သို့ ကပ်လာသည်။
  
ထိုသူက တကယ်ကို အရပ်ရှည်သည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်နေချိန်မှာ သူမအရပ်က သူ၏ ညှပ်ရိုးနားလောက်ပဲရှိလေသည်။ အကယ်၍ သူမသာ သူ့အမူအရာကိုမြင်ချင်ပါက ခေါင်းမော့ဖို့ရာ လိုအပ်ပေ၏။
  
"မင်းပြောချင်တာက နှလုံးသားတစ်စုံစာချုပ်လား"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now