Unicode
ယုံးယင်ယွဲ့က မျက်လုံးကို ပွတ်သပ်လိုက်ရင်းဖြင့်"ဒါပေမဲ့ ဘယ်သူသိမှာတဲ့လဲ။မမနိုးလာချိန်မှာ အဓိပ္ပါယ်မရှိတာတွေပြောလာပါတယ်။သူက ဟန်လန်အပေါ် နည်းနည်းလေးတောင် မေတ္တာသက်ဝင်မှုမရှိဘူးလို့ ဆိုပါတယ်။သူက ဒီကိုယ်လုပ်တော်ရဲ့ အစ်ကိုတော်အပေါ်မှာ ယောက်ျားနဲ့မိန်းမကြားက ချစ်ခြင်းမျိုးကို ရှိနေတာပါတဲ့! ဒီကိုယ်လုပ်တော်....ဒီကိုယ်လုပ်တော်က သူ ဟန်လန်အပေါ် သစ္စာမဲ့တဲ့အပေါ် အရမ်းကိုဒေါသထွက်သွားတာမို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရုံလေးပါ!"
သူမက အလျင်စလိုဖြင့်ရှေ့တိုးကာ ဟန်ရှောင်လင်၏ လက်ကို သူမဘက်သို့ဆွဲယူရင်း ဝမ်းနည်းပမ်းနည်း ဆိုလိုက်သည်။
"ဒီကိုယ်လုပ်တော်က တကယ်တော့ စိတ်နှလုံးသားမဲညစ်တဲ့လူ မဟုတ်ပါဘူး။သူ ဒီလိုပေါက်ကရစကားတွေ ထပ်မပြောအောင် ခြောက်လှန့်ချင်ရုံလေးပါ!ဒီကိုယ်လုပ်တွေပြောသမျှစကားအခွန်းတိုင်းက မှန်ကန်ပါတယ်။ဟွေးရီက သက်သေခံပေးနိုင်ပါတယ်"
ဟန်ရှောင်လင်က သူမ၏လက်ကို အလိုလိုက်ဟန်ဖြင့် ပုတ်ပေးကာ တိတ်တဆိတ်ပင် သူ့လက်ပေါ်ကနေ ဖယ်ရှားပစ်လိုက်သည်။
သူက ခြေနှစ်လှမ်းလောက် ဆုတ်ကာ တိမ်လွှာကုတင်၏ အစွန်းမှာ ဝင်ထိုင်ရင်း စန်းယွမ်ယွမ်ထံ လက်ကို ဆန့်တန်းလိုက်၏။
သူက သူမထံလှမ်းကြည့်သည်။ သူ့အကြည့်တို့က တောက်လောင်နေ၏။"ဒီကိုလာခဲ့"
"ဟန်လန်!"ယုံးယင်ယွဲ့သည် လိပ်ပြာမလုံစိတ်တချို့တလေဖြစ်နေသော်လည်း ဒေါသတကြီးအော်ဟစ်လိုက်၏။
"သူက ဟန်လန်ကို သစ္စာဖောက်ခဲ့တာပါ။ဒီလိုဒေါသထွက်စရာမျိုးကို အရှင်မြိုသိပ်ထားနိုင်ပေမဲ့ ဒီကိုယ်လုပ်တော်က မမြိုသိပ်နိုင်ပါဘူး!"
"တော်လောက်ပြီ"ဟန်ရှောင်လင်အသံက ပို၍အေးစက်လာသည်။
"နန်းဆောင်ကိုပြန်၊ တံခါးပိတ်ပြီး မင်းလုပ်ခဲ့တဲ့အမှားကို ပြန်သုံးသပ်နေ။ အမိန့်မရဘဲ အပြင်ထွက်ခွင့်မရှိဘူး။ဒီကိစ္စကိုတော့ ဒီဘုရင်ပဲ ကိုင်တွယ်လိုက်မယ်"
သူဟာ "ဒီဘုရင်"ဟုပင် သူ့ကိုယ်သူ ရည်ညွှန်းနေပြီဖြစ်ရာ ယုံးယင်ယွဲ့မှာ အမိန့်ကို မနာခံဘဲမနေဝံ့တော့ချေ။ သူမဟာ ချက်ချင်းပင် အမျိုးသမီးအိုကြီးကိုခေါ်ကာ ပြန်ဆုတ်သွားတော့သည်။
တိမ်လွှာနန်းဆောင်အတွင်းမှာတော့ စန်းယွမ်ယွမ်၊ ဟန်ရှောင်လင်နှင့်အတူ ကြမ်းပြင်တစ်လျှောက် မေ့မြောနေကြသော အစေခံတွေသာ ရှိလေတော့သည်။
ဟန်ရှောင်လင်က စန်းယွမ်ယွမ်ကိုကြည့်ရင်း သူ့နှုတ်ခမ်းက အပေါ်သို့ကော့တက်သွားသည်။ဤနန်းဆောင်ထဲ ဝင်လာပြီးကတည်းက ဖော်ပြလာသောအပြုံးတစ်ပွင့်ပင်။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️