အပိုင်း ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀

3K 330 5
                                    


Unicode

အပိုင်း ၁၂၆

မဟုတ်သေးဘူး။ဒီတစ်ခါတော့ ဒါကြီးက တကယ့်ကို နည်းနည်းခြောက်ခြားစရာကောင်းလာပြီ။

ကျန်းကျင်ဖုန်းသေသွားတာကို သူမမျက်စိနှစ်လုံးနှင့်ကြည့်ခဲ့ပြီးပြီ ဖြစ်သည်။ သူဟာ သေလွန်းလို့ ထပ်တောင်သေနိုင်တော့မည်မဟုတ်။

အသံက ပို၍ အဆောတလျင်နိုင်လာသည်မှာ အသက်ကိုခြိမ်းခြောက်နေသည့်အလား။

ယင်းက စန်းယွမ်ယွမ်ဒေါသတွေကို မီးမြိုက်ပေးလိုက်သည့်နှယ်။

"ဟေး အဲ့ဒါက တကယ်ပဲဘာလဲဆိုတာ ငါအခု မြင်ချင်တယ်နော်!"

သူမက ပိုးစုန်းကြူးဖယောင်းတိုင်ကို ဘေးချကာ လက်တစ်ဖက်ဖြင့် မျက်လုံးကိုကာ၍ လက်ချောင်းအဟကြားကနေ ချောင်းကြည့်ရင်း နောက်လက်တစ်ဖက်ဖြင့် ဓါးကိုင်၍ အနက်ရောင်သစ်သားသေတ္တာ၏ အဖုံးကို ထပ်မံမ,ကြည့်လိုက်သည်။

ကျန်းကျင်ဖုန်းက ဇက်ကြိုးကျကာ လဲကျလာသည်။ သူ့အလောင်း၏ အနောက်မှာတော့ ရုပ်သေးတစ်ရုပ်က မတ်မတ်ထိုင်နေကာ စန်းယွမ်ယွမ်အား နောက်ကျောခိုင်းလျက်သားရှိနေသည်။

အကယ်၍ ကျန်းကျင်ဖုန်းသာ လဲကျမလာပါက သူနှင့် ဤရုပ်သေးရုပ်၏ အနေအထားက ကျောချင်းဆိုင်ထားမည်ပင်ဖြစ်၏။ စောနတုန်းက သူ့အလောင်းက ရုပ်သေးကို ပိတ်ကာထားသလိုဖြစ်နေခဲ့သည်။ ယခုတော့ သူလဲကျသွားပြီဖြစ်ရာ ရုပ်သေးက ပေါ်လာခဲ့တာပဲ ဖြစ်လေသည်။

စန်းယွမ်ယွမ်က အသက်ကိုထိန်းရှုကာ လက်ချောင်းတွေကို ထိန်း၍ အထက်အောက် စုံဆန်ချည်ကြည့်လိုက်၏။

'တု~တု' ဟူသောအသံက အနှီရုပ်သေးရုပ်ထံမှ လာနေခြင်းပင်။

စန်းယွမ်ယွမ်က ဘေးကနေပတ်၍ တစ်ချက်ကြည့်လိုက်တော့ လျို့ဝှက်ဆန်းကြယ်မှုကို တွေ့လိုက်ရသည်။

လက်စသတ်တော့ ဤရုပ်သေး၏ လည်ပင်းပေါ်မှာ ပယင်းရောင်ပုတီးကုံးရှည်ကြီး ဆွဲထားတာဖြစ်နေခြင်းပင်။အရုပ်က ခွေခွေခေါက်ခေါက်အနေအထားဖြင့် ထိုင်နေပြီး ပုတီးကုံးက ရှေ့နောက်လွှဲယမ်းနေကာ သေတ္တာ၏ နံရံကိုထိခတ်မိပြီး အသံထွက်နေခြင်း ဖြစ်လေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now