အပိုင်း ၂၉၁ ၂၉၂ ၂၉၃ ၂၉၄ ၂၉၅ ၂၉၆

1.4K 163 6
                                    

အပိုင်း ၂၉၁

ဘေးကနေ ကြည့်နေသည့် စန်းပုကျင့်မှာ အလွန်တရာမှ ဆွံ့အနေတော့သည်။ယခင်အခေါက်တုန်းက သူ့ညီမလေးကို တိုက်ခိုက်ခဲ့သူဟာ ယုံးယင်ယွဲ့မှန်း သိလိုက်တုန်းက သူ သူမအား အရှင်လတ်လတ်ခုတ်ထစ်ပစ်ဖို့ မစောင့်နိုင်အောင်ပင်။သို့သော်လည်း လက်ရှိသူမ၏ အရှက်ရသွားသောပုံစံကိုကြည့်လိုက်ရတော့ ဒေါသထွက်ရမလား၊ ပျော်ရမလားပင် မသိတော့ချေ။

သူ ခေါင်းလှည့်ကာ စန်းယွမ်ယွမ်ကို ကြည့်လိုက်သည်။

သည်ရက်တွေအတွင်း သူ့ညီမလေး ကြီးပြင်းလာခဲ့ချေလေပြီ။ သူမ၏ ဝိညာဥ်စွမ်းအားက ကြောင်တောင်တောင်ပုံပေါက်ပေမဲ့ တကယ်တော့ သူမဟာ တကယ့်ကိုအင်အားကြီးသည့်လူတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဒါကိုတွေးမိတော့ စန်းပုကျင့်၏ နှလုံးသားက အတော်ကြီးစိတ်အေးသွားသော လူအိုကြီးနှယ် ခံစားလိုက်ရသည်။

ယုံးယင်ယွဲ့ ထွက်ပြေးသွားပြီးနောက် မကြာခင်မှာပင် သိမ်မွေ့လှပသော အဖြူရောင်ဝတ်အမျိုးသမီးတစ်ယောက်က စန်းယွမ်ယွမ်ကို လာတွေ့ပြန်သည်။

၎င်းက ပိုင်ပြည်နယ်ကမင်းသမီးများပြောခဲ့ကြသည့် ချင်ပြည်နယ်၏ မင်းသမီးဖြစ်သည့် ချင်ဝူရွှမ်းပါပင်။

စန်းယွမ်ယွမ်အနေဖြင့် 'နွေးထွေးစေဖို့တခြားလူတွေနှင့်ပူးကပ်တာမျိုး'လုပ်ဖို့ရည်ရွယ်ချက်နည်းနည်းလေးတောင်မရှိပေမဲ့ လူကိုယ်တိုင် တံခါးဝနားရောက်လာချိန် ရှောင်တာမျိုးကလည်း မကောင်းတာကြောင့် နန်းဆောင်ထဲဝင်ဖို့သာ ကြိုဆိုလိုက်ရသည်။

"နင်လည်း အနိုင်ကျင့်ခံရတာလား"

ချင်ဝူရွှမ်းက စန်းယွမ်ယွမ်အား စာနာသလိုကြည့်သည်။

"ငါ နေ့ခင်းကရောက်တယ်။ယုံးယင်ယွဲ့ဆီက နားလည်ရခက်လောက်အောင် လှောင်ပြောင်ခံရတယ်လေ။ နေ့တစ်ဝက်လောက်ကုန်တာတောင် သူတို့တွေ ငါ့ကိုရေနွေးတစ်ခွက်မပို့ဘူး။ နင်နဲ့ဟန်ဘုရင်က လင်နဲ့မယားဖြစ်ခဲ့ဖူးတော့ သူ(မ)ကနင့်ကို မျက်စိဆံပင်မွေးစူးနေမှာပဲ။အဲ့တော့ နင့်ကိုဆို တော်တော်အရှက်ခွဲမှာပဲ။ စိတ်ထဲ ထားမနေပါနဲ့။အဲ့လိုလူစားမျိုးကို ဂရုစိုက်ဖို့မလိုဘူး။ ဘာပဲဖြစ်ဖြစ် တစ်ခဏတာပါပဲ။ မနက်ဖြန်မွေးနေ့ပွဲပြီးရင် လူတိုင်း ကိုယ့်လမ်းကိုယ်လျှောက်ပြီး ဘယ်တော့မှ ပြန်တွေ့ရမှာမှ မဟုတ်တာ"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now