အပိုင်း ၃၂၄ ၃၂၅ ၃၂၆ ၃၂၇ ၃၂၈

974 127 4
                                    

အပိုင်း ၃၂၄


စန်းယွမ်ယွမ်က ဝံပုလွေကဲ့သို့ အငမ်းမရ ဝါးမြိုနေသော အနီရောင်ဖက်တီးကြီးကိုကြည့်ရင်း စိတ်ထဲမှာ အနည်းငယ်ဂုဏ်ယူနေပေမဲ့ တစ်ချိန်တည်းမှာလည်း ရှက်လာပြန်သည်။သည်တစ်ခေါက်တော့ သူမဟာ နတ်သမီးလေးနှင့် မတူတော့ပါချေ။

ဘယ်နတ်သမီးရဲ့ စကေးလ်ကများ ဒီလိုရှိလို့လဲ။

မကျေမချမ်း ရှိလိုက်တာ။

လက်ရှိမှာတော့ ယုံးဝူမင့်လက်ထဲက လိမ္မော်ရောင် ထာဝရမီးတောက်က ပုံသဏ္ဍာန်တစ်ခုအဖြစ် လုံးဝကိုကျစ်လစ်သွားပြီ ဖြစ်သည်။

အနုစိတ်ကာ ပြိုင်ဘက်ကင်းလှသော နှုတ်ခမ်းထောင့်စွန်း၌ ထီမထင်အပြုံးတစ်ပွင့်ရှိနေပြီး လက်ထဲကမီးတောက်ကို ဝိညာဥ်မီးတောက်သတ္တုကြောအသိုက်ပေါ် ပစ်ထည့်လိုက်ပုံက သူ့လက်ချောင်းပေါ်ကျလာသော သစ်ရွက်ကို တောက်ထုတ်လိုက်သည့်အလား အလွန်တော်ရိလျော်ရိနိုင်လှသည်။

လိမ္မော်ရောင်မီးတောက်က လက်ခနဲဖြစ်သွားကာ အနက်ရင့်ရောင်သတ္တုကြောသိုက်ထဲမယ် ရေအလား အရည်ပျော်သွားတော့သည်။

ယုံးဝူမင့်က စန်းယွမ်ယွမ်ရှိနေမည့် လှိုဏ်ဂူရှိရာထံ လည်ပြန်ကြည့်လာ၏။

သူ့အကြည့်တို့က ရပ်တန့်သွားကာ တဖြည်းဖြည်းလှုပ်ရှားမှုတို့ နှေးကွေးသွားရင်း လေထဲတွဲလောင်းဖြစ်နေသော စန်းယွမ်ယွမ်ထံ စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်က အနည်းငယ်တွန့်သွားလေ၏။

သူက သူမအား ဂရုတစိုက်ကြည့်လိုက်တော့ သူမဟာ နတ်ဆိုးတွေကြောင့် အတင်းအကြပ်ထွက်လာရခြင်းမျိုးမဟုတ်ဘဲ ကာယကျွမ်းကျင်မှုတို့ လေ့ကျင့်ရန် မိမိသဘောအလျောက် ထိုနေရာမှာ တွဲလျောင်းချနေတယ်ဆိုတာ တွေ့လိုက်ရသည်။

သူ မျက်ခုံးတို့ကိုပွတ်သပ်ရင်း မနီးမဝေးက နောက်ထပ်မီးပွားစ ရှိရာဆီ ဆက်လှမ်းသွားလိုက်သည်။

ထိုမီးပွားသုံးစက်ကို အတန်းလိုက်တစ်တန်းတည်းဆက်လိုက်ပါက အပြည့်အဝမီးတောက်လောင်သွားပြီဖြစ်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)जहाँ कहानियाँ रहती हैं। अभी खोजें