အပိုင်း ၃၂၉
သွမ်မင့်၏ အပြေးအရှိန်နှုန်းက ယခင်ထက်မြန်ဆန်လာသည်။ တစ်ရက်တောင်မကြာခင် သူတို့ဟာ ယုံးမြို့တော်ဝင်ပေါက်ကို ဖြတ်သန်းလာခဲ့ပြီး၍ ကျိပြည်နယ်ထဲ ရောက်လာခဲ့ပြီ ဖြစ်သည်။
ကျိပြည်နယ်က အဆောက်အဦးများဟာ အများစုက မီးခိုးနှင့်အဖြူဖြစ်ပြီး တစ်ချက်အကြည့်မှာ ၎င်းတို့ဟာ တုံးတိတိဖြစ်နေသောစန်းပြည်နယ်အလား တူသည်။
ကျိပြည်နယ်က လူများဟာ အဝေးမောင်းထုတ်ခံလိုက်ရပြီးပြီ ဖြစ်၏။
ပြည်နယ်တစ်ခု၏ စည်ကားသက်ဝင်လှသောမြို့တော်ကြီးဟာ ခုတော့ ကြီးမားသည့် စစ်စခန်းကြီးတစ်ခု ဖြစ်လာခဲ့ချေလေပြီ။
ယုံးဝူမင့်ဟာ ပင်မရွက်ဖျင်တဲကြီးထဲ တန်းသွားကာ သူနှင့် ၁၀ပုံမှာ ၉ပုံလောက်တူကာ ငွေရောင်မျက်နှာဖုံးတပ်ထားသော ထိုလူထံ သွားတွေ့သည်။ အနှီလူသည် လေးစားရိုသေစွာ မတ်တပ်ရပ်လာ၏။
"အရှင်"
ထိုလူက ခေါင်းငုံ့ကာ အရိုသေပေး၍ မျက်နှာပေါ်က မျက်နှာဖုံးကိုချွတ်ကာ ခေါင်းဆောင်အကြီးမှူးချုပ်ဝတ်ရုံကိုလည်း အလွန်သေသပ်စွာချွတ်လိုက်သည်။
စန်းယွမ်ယွမ်က အနီးကပ်တစ်ချက်ကြည့်လိုက်တော့ ထိုလူ၏ မျက်နှာသွင်ပြင်က ရုပ်ဖျက်ပြီးသွားတာတောင် ယုံးဝူမင့်နှင့် ၇ပုံ ၈ပုံလောက်တူနေသေးတာကို တွေ့လိုက်ရသည်။ ယင်းက ပြိုင်ဘက်ရန်သူအင်အားကို စောင့်ကြပ်ဖို့လုံလောက်စေကာ တပ်ထဲ၌ ရောနှောနေလို့ရစေသည်။
သူက မြေပုံကိုအမြန်ဖြန့်ကာ ပြောလာသည်။
"အရှင် တစ်ချက်လောက်ကြည့်ပါ။ သုန်းပြည်နယ်ဘက်က ပေါက်ကြားလာတဲ့သတင်းတွေအရ မနက်ဖြန် ဝူရှီ(မနက်၁၁နာရီကနေ နေ့လည်တစ်နာရီ)မှာ ဝိညာဥ်စွမ်းအားသံချပ်ကာတွေနဲ့ လက်နက်အစုံ ၂သောင်းက ချင်ပြည်နယ်ကနေ ချီးရှီလမ်းမကို ဖြတ်လာမှာပါ။အဲ့နေရာကချုံခိုတိုက်ခိုက်ဖို့ အရမ်းလွယ်ပါတယ်။ ကျွန်တော်တို့ အပေါ်စီးက တိုက်ခိုက်လိုက်တာနဲ့ သူတို့တွေ လက်နက်ကိရိယာတွေထားခဲ့ပြီး လျှိုမြောင်အနက်ကြီးထဲကနေ ထွက်ပြေးကြပါလိမ့်မယ်။ အရှင် ကျွန်တော် စိုးရိမ်တာက အဲ့ဒီထဲမှာ လှည့်စားမှုတွေ ရှိလာမှာကိုပါပဲ"
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️