အပိုင်း ၁၄၇ ၁၄၈ ၁၄၉ ၁၄၅၀ ၁၅၁ ၁၅၂ ၁၅၃

2.8K 334 9
                                    

Unicode

အပိုင်း ၁၄၇

သူမက တိုးတိုးလေး ပြောလိုက်၏။

"ရှင့်ကို ဆက်အဖော်ပြုပေးပြီး အဲ့ဒီရန်သူတွေကို ဖျက်ဆီးပြီး ရှင့်နဲ့အတူ ကောင်းကောင်းအသက်ရှင်သွားချင်တယ်"

ယုံးဝူမင့် နှလုံးသားက အကြောက်တရားနှင့်အတူ တုန်လှုပ်သွားပြီး ချစ်လှစွာသောအရုပ်လေးပျက်စီးသွားမှာ စိုးထိတ်နေသည့် မရင့်ကျက်သည့်ကလေးတစ်ယောက်အလား သူမမျက်နှာကို ဆုပ်ကိုင်လာသည်။

"သေခြင်းတရားကို အဲ့လောက်ကြောက်ရလား။ အသက်ရှင်နေလို့ရော ဘာအဓိပ္ပါယ်ရှိလို့လဲ"

သူက အသံတိုးတိုးဖြင့် ခပ်မြန်မြန်မေးလာ၏။

သူမက နှုတ်ခမ်းတင်းတင်းစေ့ရင်း တိုးဖွစွာမေးလိုက်သည်။

"ယုံးဝူမင့် ကျွန်မသေရင် ရှင်ငိုမှာလား"

သူ ခဏမျှတွေဝေနေပြီးမှ တောင့်တင်းစွာ ပြောလာသည်။

"ဟင့်အင်း"

သူက မျက်မှောင်တွန့်ရင်း ဆက်ပြော၏။

"အားလုံးကို မင်းနဲ့အတူ မြေမြှုပ်ပစ်မှာ"

စန်းယွမ်ယွမ် : "......"

"ရှင်ကရော"

သူမ မေးလိုက်သည်။

"ရှင်ဘာလို့ ကျွန်မကိုအဖော်ပြုမပေးတာလဲ"

ယုံးဝူမင့်က ဘာမျှမဆိုချေ။

သူ့နှလုံးခုန်သံကတော့ တဖြည်းဖြည်း တည်ငြိမ်လာသည်။

နောက် ပါးချလျနှုတ်ခမ်းလွှာကို တင်းတင်းစေ့လိုက်၏။

ခဏအကြာမှာတော့ သူ့နှုတ်ခမ်းထောင့်တွေ ကော့တက်လာကာ ဝါးလုံးကွဲရယ်ချတော့သည်။

"ပိုးစာပင်လေး...မင်းရဲ့သေခါနီးလိုသရုပ်ဆောင်ချက်က မပီပြင်လိုက်တာကွာ"

စန်းယွမ်ယွမ် : "......."

သည်တစ်ခါတော့ ရောဂါအရှင်းပျောက်သွားပြီပဲ။

သူက သူမအားကြည့်လာကာ လုပ်ပြုံးကြီးပြုံးလိုက်ရင်း

"ကိုယ်ကမင်းကို ဘယ်လိုလုပ် နာကျင်စေရက်ပါ့မလဲ"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now