အပိုင်း ၄၁

4.1K 495 2
                                    

Unicode
  
မရေမတွက်နိုင်သော လူများဟာ အလျင်သလိုဖြင့် ပြေးလွှားနေကြ၏။

အနက်ရောင်သံမဏိမဟာတံတိုင်း၏ တံတိုင်းများဟာ အလွန်ကျယ်ဝန်းပြီး တိမ်လွှာသားရဲတစ်ရာကျော်လောက် ဘေးချင်းယှဥ်​ကာသွားလို့ပင် ရပေသည်။
  
ကြီးမားလှသောဧရာမ ဒူးလေးများကိုဖြင့် တံတိုင်းထိပ်မှာ နေရာချထား၏။အေးစက်စက်မျက်နှာထားနှင့် ကျင့်ကြံသူများကတော့ စန်းယွမ်ယွမ်ခြေသလုံးလောက် ထူထဲသည့်အနက်ရောင်သံမဏိဧရာမမြားတို့ကို ဒူးလေးပေါ်တင်ကာ တံတိုင်းအောက်က အရာတို့ထံ ပစ်လွှတ်နေကြသည်။

လူတစ်ဦးချင်းစီ၏ ကွဲပြားခြားနားသောကျင့်ကြံမှုပုံစံအရ လေးကြိုးနှင့်မြားကိုယ်ထည်တို့ကို စိတ်ဝိညာဥ်၏ ဒြပ်စင်အရောင်ဖြစ်သည့် အနီ၊ အဝါ၊အနက်၊ အဖြူနှင့် အစိမ်းဟူသောအရောင်ဖြင့် ခြယ်သထားလေသည်။ထိုငါးရောင်ခြယ်သောမြားတို့ဟာ မိုးရွာနေသည့်နှယ် တံတိုင်းအောက်သို့ ထိုးကျသွားကြလေသည်။

လုံးဝန်းသော သံမဏိမြားတစ်ချောင်းက ဝှီးခနဲ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အောက်ခြေကနေ နာနာကျင်ကျင်အော်ဟစ်လိုက်သံကလည်း ထွက်လာစမြဲပင်။
  
ယုံးဝူမင့်က တိမ်လွှာသားရဲပေါ်ကနေ ဆင်းကာ စန်းယွမ်ယွမ်၏ လက်မောင်းကို ဆုပ်ကိုင်ရင်း တံတိုင်းအစွန်းနားသို့ ခေါ်သွားလေသည်။
  
"မြေအောက်လောက,က နတ်ဆိုးတွေကို မမြင်ဖူးသေးဘူးမလား"

သူက သူ၏ ရေခဲတမျှအေးစက်စက်လက်ဖြင့် သူမ၏ ဇက်ပိုးကိုဖိကာ ခံတပ်နေရာသို့ တွန်းပို့လိုက်၏။
  
သူက ကိုယ်ကိုင်းလိုက်တော့ နှစ်ယောက်သားက ခေါင်းချင်းဆိုင်သလိုဖြစ်သွားကာ ဧရာမဒူးလေးကြီးဘေးမှာ ချစ်ခင်ကြင်နာစွာ တိုးဝှေ့ပူးကပ်နေသလို ဖြစ်သွားတော့သည်။
  
စန်းယွမ်ယွမ်က အောက်သို့ ငုံ့ကြည့်လိုက်၏။
  
ဝေးလွန်းသောကြောင့် အောက်ခြေကိုတော့ မမြင်ရပေ။သူမ မြင်လိုက်တာကတော့ ရဲရဲတောက်နေသည့် နေရာတစ်ခုပင် ဖြစ်သည်။ ထိုနီရဲရဲအရာပေါ်မှာတော့ အနက်ရောင်မြား အစုံလိုက်အပြုံလိုက်ဟာ ထိုးစိုက်လျက်သား။
  
ထိုအနက်ရောင်မြားတို့အောက်မှာ နီရဲရဲအရာဟာ ရုန်းကုန်ကာ အော်ဟစ်မြည်တမ်းလို့နေသည်။ ဖြစ်နိုင်သည်က ယင်းဟာ မြေအောက်လောက,က နတ်ဆိုးဖြစ်မည်ပင်။
  
စစ်ပွဲမီးလျှံများဟာ မြို့ရိုးတံတိုင်းထိပ်ထိ ပျံ့နှံ့လာကာ အနက်ရောင်သံမဏိနံရံများပေါ်မှာတော့ ကတ္တရာစေးနှယ်ခြေရာလက်ရာများက ကြွင်းကျန်လျက်သား။မြို့တံတိုင်းအောက်မှာတော့ မီးလောင်ကျွမ်းနေသောအရာများဖြင့် ပြည့်နေကာ အပုံကြီးက တကယ့်ကိုမြင့်မားလှပြီး တချို့နေရာများမှာဆို မီးများလောင်ကျွမ်းနေတုန်းပင်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now