အပိုင်း ၃၃၃
သွမ်မင့်က ယုံးဝူမင့်ကို တစ်ချက်ကြည့်ကာ ကြောက်လန့်သွားရင်း ရိုးသားစွာဖြင့်သာ ခေါင်းကြီးငုံ့ချ၍ ချုံပုတ်တစ်စုကိုခုန်လွှားကာ တောင်ကုန်းလေးကို ဖြတ်လာခဲ့လိုက်သည်။
နေ့လည်ခင်းနီးချိန်၌ သွမ်မင့်က ယုံးဝူမင့်နှင့် စန်းယွမ်ယွမ်ကို တင်ဆောင်ကာ ချောက်ကမ်းပါးပေါ်က မျဥ်းတစ်ကြောင်းကလိုပြားနေသော ကျောက်ဆောင်မြင့်မြင့်ကနေ လှမ်းခုန်ရင်း ထင်းရှုးတောအုပ်ထဲ ကျရောက်သွားသည်။
သူတို့တွေ ထင်းရှုးသစ်တောထဲက ထွက်လာပြီးနောက် မျက်လုံးတွေက ရုတ်တရက်တောက်ပသွားကြတော့သည်။
တောင်အောက်၌ ရှားရှားပါးပါး ဟင်းလင်းပြင်နေရာတစ်ခုရှိနေ၏။အပြင်ဘက်ကို ဦးတည်သွားသည့် ပြေလျောလျောတောင်ချိုင့်ဝှမ်းလမ်းတစ်ခုရှိပြီး ၎င်းက တိမ်လွှာသားရဲအကောင်၅၀လောက် ဘေးချင်းယှဥ်ပြေးဖို့ လုံလောက်သည်။
ဟင်းလင်းပြင်ကွင်းပြင်မှာတော့ လက်နက်ချပ်ဝတ်တန်ဆာအပြည့်အစုံနှင့်အတူ ခမ်းနားကြီးကျယ်သော အမျိုးသား ၈ထောင်ကျော်သည့် သံချပ်ကာတပ်သားများဖြင့်ပြည့်နေသည်။
ခေါင်းဆောင်ဖြစ်သူကား တုတ်ခိုင်သန်မာသောလူဖြစ်၏။ စန်းယွမ်ယွမ်က အဝေးကနေကြည့်လိုက်တော့ ဒါဟာ သူတို့၏ မိတ်ဆွေဟောင်းကြီး ဟွမ်ဖူရှုန်းဆိုတာ မှတ်မိသွားလေသည်။
သူမအကြည့်က အပြင်ဘက်ပေါက်သော တောင်ချိုင့်ဝှမ်းလမ်းဆီ ဝေ့ဝဲရောက်သွား၏။မိုင်အနည်းငယ်အကွာမှာတော့ ချင်ပြည်နယ်နှင့် ကျိပြည်နယ်ကို ဆက်စပ်ပေးထားသော ချီးရှီလမ်းမဖြစ်လေသည်။
ချီးရှီလမ်းမပေါ်မှာတော့ သုန်းပြည်နယ်က ထောက်ပံ့ပို့ဆောင်ရေးတပ်က တောင်ဘက်သွားသော ချင်ပြည်နယ်၏ ဝိညာဥ်စွမ်းအား ချပ်ဝတ်တန်ဆာလှည်းအကြီးကြီးများကို အစောင့်အကြပ်အဖြစ် လိုက်ပါပို့ဆောင်ပေးနေသည်။
ချီးရှီလမ်းမ၏ ဘေးနှစ်ဖက်၌ တောင်ပေါ်တောအုပ်များရှိပြီး အနက်ရောင်ချပ်ဝတ်တန်ဆာများမှ ရောင်ပြန်ဟပ်သော အလင်းရောင်အနည်းအပါးကိုလည်း ရံဖန်ရံခါ မြင်နေရသည်။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️