အပိုင်း ၂၇၀ ၂၇၁ ၂၇၂ ၂၇၃ ၂၇၄ ၂၇၅

1.4K 165 14
                                    

အပိုင်း ၂၇၀

ဟွမ်ဖူရှုန်းက ရထားလုံးထဲက ခုန်ချလာကာ ယုံးဝူမင့်၏ ရထားလုံးပြတင်းပေါက်ဘေးမှာ လေးစားမှုရှိရှိလာရပ်၍ မုတ်ဆိတ်မွေးကိုသပ်ရင်း ပြောလာ၏။

"လူကြီးမင်း...အာ လူကြီးမင်းရယ် သင့်မှာပြဿနာရှိရင် ဘာလို့များ ကျုပ်ကိုစောစောမပြောတုန်း"

သူက ကြီးမားသည့်လက်ကြီးကိုဝေ့ယမ်းရင်း

"လူကြီးမင်း ဒီနေ့ ကျုပ်ဆိုတဲ့ ဟွမ်ဖူရှုန်းက ဒီမိန်းမကို သင့်ဆီလက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။သင် သူ့ကို နွားပဲပြောင်းပြောင်း မြင်းပဲပြောင်းပြောင်း၊ ရွှမ်းဖေးပုံစံ(threesome)ရေးရေး ဟဲဟဲဟဲဟဲ...လူကြီးမင်းစိတ်ကြိုက်ပျော်သလို လုပ်ချင်တာလုပ်ပါ. ..တစ်ခုပဲ မှတ်ထားပေးပါ။ ဇာတ်သိမ်းရေးပြီးသွားရင် ကျေးဇူးပြုပြီး ကျုပ်ကို မူပွားတစ်စောင်အမြန်ဆုံးပို့ပေးပါ..လူကြီးမင်း အိုင်း...လူကြီးမင်းရယ် ကျုပ်အသက်ဆက်ဖို့ သင့်ရဲ့ပုံပြင်တွေပေါ်မှာ မူတည်နေတာပါဗျာ!"

ကမာနတ်ဘုရားမ : ".....စစ်သူကြီး!"

သူမမျက်နှာကို အဆုံးထိဖြတ်ရိုက်ဖို့တွေးထားသော ဟွမ်ဖူရှုန်းကတော့ ကမာနတ်ဘုရားမကို အေးစက်စက်တစ်ချက်ကြည့်ပေးလိုက်သည်။

"လူကြီးမင်းကို သွားခ,စားလေ။ ဟမ့် လူကြီးမင်းက ငါ ဟွမ်ဖူကျွင်း အလေးစားရဆုံးပုဂ္ဂိုလ်ပဲ! မင်းက ဘာမလို့လဲ။လူကြီးမင်းကိုတောင် ဒီလိုမျိုး စော်ကားရဲတယ်!ငါမင်းရဲ့ ဒီဈေးပေါတဲ့အသက်ကို မလိုချင်တော့ဘူး. လူကြီးမင်းအလိုကျ လုပ်ပစေ!"

ကျားတစ်ကောင်၏ အကြည့်က စိုက်ကြည့်ခံရတော့ ကမာနတ်ဘုရားမမှာ ထိတ်လန့်လွန်းသွားကာ နောက်ထပ်စကားတစ်ခွန်းမပြောရဲတော့ချေ။ သူမနှလုံးသားက အကြောက်တရားနှင့်အတူ တုန်လှုပ်လာကာ စကားဖြင့်မပြောသာအောင် မွန်းကြပ်သွားရသည်။

သူမ သည်ရက်တွေအတွင်း အကျဥ်းချခံထားရသည်မို့ ကိစ္စက ဘယ်လောက်အရေးပါသလဲ မသိချေ။ သူမအမြင်မှာတော့ ယင်းက သူမဂုဏ်သိက္ခာပျက်စီးသွားစေ၍ ကံဆိုးမှုတွေဖြစ်လာစေသော ကိစ္စသေးသေးလေးသာဟုပင်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now