အပိုင်း ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀

2.8K 368 12
                                    

Unicode

အပိုင်း ၁၃၆

ကြားဖြတ်ခြုံခိုတိုက်ခိုက်ခံရသည့်နစ်နာသူက  ယုံးပြည်နယ်၏နစ်နာမှုနှင့် ပတ်သက်၍ မကျေမနပ်ပြောဖို့ ကိုယ်တိုင်ကိုယ်ကျရှေ့ခုန်တက်လာကာ ခိုင်မာသည့်သက်သေတွေကလည်း ရှိနေပြန်သည်။လူတိုင်းက စောင့်ကြည့်နေကြချိန်မှာ ထျန်းတုအနေဖြင့် အချိန်ဆွဲကာ ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်တော့ချေ။သူတို့အနေဖြင့်ယုံးပြည်နယ်၏ အပြစ်ဒဏ်ကို တားမြစ်ဖို့ အမိန့်တော်တစ်ခုချက်ချင်းထုတ်ကြရရုံသာ တတ်နိုင်တော့သည်။

သို့သော်လည်း ၎င်းသည်ကပင် လူအိုကြီးအတွက် ခက်ခဲလှပြီဖြစ်သည်။ သူ့မှာ အသက်ကြီးခါမှ လူကြားသူကြားထဲ ပြဇာတ်အကြီးကြီးကို ကပြနေရသေးသည်။

"ရယ်ချင်လည်း ရယ်ချလိုက်!"

စန်းဘုရင်က စန်းပုကျင့်၏ နဖူးကို ဖြန်းခနဲရိုက်ရင်း

"ဒီကောင်စုတ်လေး..မင်းရဲ့ရယ်ချင်တာကိုအောင့်ထားတဲ့ရုပ်က ဒီလူအိုကြီးကို ပိုစိတ်တိုစေတယ်ကွ!"

စန်းပုကျင့်မှာ မိန်းကလေးတစ်ယောက်လို လှပသည့်မျက်နှာလေး ရှိသော်ငြား စန်းချန်ယင်းကတော့ သူ၏ ချစ်စဖွယ်အလှလေးကြောင့်နှင့် နည်းနည်းလေးတောင်မှ အလိုလိုက်မယုယခဲ့ဖူးချေ။

စန်းချန်ယင်းကိုယ်တိုင် ကလေးဘဝကတည်းက ယခင်စန်းဘုရင်ကြီး ရိုက်တာကို ခံလာရတာဖြစ်၏။ သူ့သားမွေးလာသည့်နောက်မှာ အိုးကောင်းလိုနာနာခတ် ဟူသောစကားအတိုင်း သူဟာ အားကောင်းသည့်ကျောက်စိမ်းကနေထုထွင်းထားသည့် ကြွေရုပ်လေးလို စန်းပုကျင့်အား ရိုက်နှက်၍ ကြမ်းကြမ်းတမ်းတမ်းယောက်ျားတစ်ယောက်ဖြစ်အောင် သင်ကြားခဲ့ပေသည်။

စန်းပုကျင့်၏ နဖူးက ရိုက်ချက်ကြောင့် နာကျင်သွားကာ ကြွေထည်လိုဖြူဖွေးသည့်အသားအရေတောင် နီမြန်းလို့သွားသည်။သူ့ဖခင်ကတော့ ဝတ်ကြေတမ်းကြေတောင် မေးမလာခဲ့။

သူက တခွိခွိရယ်လိုက်ရင်း ဆိုလိုက်သည်။

"ခမည်းတော်။ ကျွန်တော်က ခမည်းတော်ကိုရယ်တာ မဟုတ်ပါဘူး။ ကျွန်တော်က တွေးမိရုံပါ။ ယုံးဝူမင့်ကို ဒီလောက်အများကြီး ကူညီပေးထားပြီးမှတော့ ညီမလေးကို လွှတ်ပေးဖို့ သဘောတူလောက်ပါတယ်နော် ဟုတ်တယ်မလား"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt