အပိုင်း ၂၃၈ ၂၃၉ ၂၄၀ ၂၄၁ ၂၄၂ ၂၄၃ ၂၄၄ ၂၄၅ ၂၄၆ ၂၄၇

2K 222 9
                                    

အပိုင်း ၂၃၈

စန်းယွမ်ယွမ်က ဝိညာဥ်စွမ်းအားရှိသည့် နွယ်ပင်တစ်ပင်ကို ရက်ဖို့ နေကြာပန်းတစ်ပွင့်ကို ချိနဲ့စွာဖြင့် ဆင့်ခေါ်ကာ ယုံးဝူမင့်နောက်လိုက်၍ ကင်းစောင့်သမားလုပ်ပေးဖို့ အမိန့်ပေးလိုက်သည်။

ယုံးဝူမင့်ကတော့ ရထားလုံးထဲက နူးညံ့သောခုံရှည်အောက်မှာဖွက်ထားသည့် အနက်ရောင်သေတ္တာအတန်းလိုက်ကို မြင်လိုက်ရ၏။အနက်ရောင်သေတ္တာကြားထဲ၌ သေတ္တာအသေးလေးတစ်လုံးက တည့်တည့်မတ်မတ်နေရာချထားလျက်သား။

ဖွင့်ကြည့်စရာတောင်မလို။ ယင်းက နှစ်တစ်သောင်းသက်တမ်းရှိ ဝိညာဥ်စွမ်းအားအဆီအနှစ်ပါသည့် သေတ္တာဆိုတာ ခန့်မှန်းလို့ပင်ရနေသည်။

ယုံးဝူမင့်က နှုတ်ခမ်းထောင့်က ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ သူ့ကျောမှာလွယ်ထားသည့် ပိုးထည်အိတ်ထဲကနေ ရေဝိညာဥ်ကျောက်စိမ်းသလင်းသေတ္တာတစ်ခုကိုထုတ်၍ နှစ်တစ်သောင်းသက်တမ်းရှိသည့်ဝိညာဥ်စွမ်းအားအဆီအနှစ်နှင့် လဲပစ်ကာ ဟွမ်ဖူတု၏ ခေါင်းပါသည့်သေတ္တာကိုတော့ ထိုနံဘေးမှာ နေရာချပေးလိုက်လေသည်။

ခဏမျှစဥ်းစားပြီးနောက် သူက သလင်းကျောက်တုံးဖြင့်လက်ကိုင်ကို စီခြယ်ထားသည့် ဓါးမြှောင်တစ်ချောင်းကို ကြုံသလိုကောက်ကိုင်ကာ စားပွဲပုပေါ်မှာ "ယုံး" ဟူသောစာလုံးကို ယခင်တစ်ခေါက်ထက် ပိုနက်အောင် ထွင်းပေးလိုက်၏။

ပြီးနောက် ဓါးမြှောင်ကို စားပွဲပုပေါ် ပစ်တင်ကာ ရထားလုံးတစ်ဝိုက်ကို မျက်လုံးဝေ့လှည့်ကြည့်သည်။ ထို့နောက် ပြတင်းပေါက်ကနေ အလျင်မလိုစွာဖြင့် ကိုယ်ဖော့ထွက်သွားကာ အစိမ်းရင့်ရောင်တောင်ပံတို့ကို ဖြန့်ကားရင်း သုံးထပ်အဆောက်အဦး၏ ထိပ်ဆုံးဆီ ပျံသန်းသွားလိုက်လေသည်။

မည်သူမျှ သတိမထားမိလိုက်ကြပါချေ။

သူက စန်းယွမ်ယွမ်ဘေးသို့ အလျှင်စလိုပြန်လာချိန်၌ သူမက ကမာခွံပေါ် ပျင်းရိပျင်းတွဲ့လှဲကာ ကျန်းကျင်ကျန်းဘက်ခြမ်းက လှုပ်ရှားမှုတွေအား နားထောင်နေတာကို တွေ့လိုက်ရသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now