Unicode
ထိုအချိန်မှာ လင်ကူးက စန်းယွမ်ယွမ်နှင့် စကားလက်ဆုံကျနေတာဖြစ်သည်။ဟန်ရှောင်လင်၏ အသက် ၁၈ ၁၉ လောက်မှာ သေဆုံးသွားသည့်သူ့ဖခင်တာဝန်ကို လက်လွှဲယူလိုက်ရပြီး ဟန်ပြည်နယ်၏ အလံကို မရင့်ကျက်သေးသည့်သူ့ပခုံးပေါ်မှာ ထမ်းခဲ့ရပုံများပင်။
လင်ကူးက သက်ပြင်းရှိုက်ကာ အတော်လေးခံစားရပုံဖြင့်
"ဟန်ဘုရင်က တကယ်တော့ ဒီလောကမှာ ပါရမီအရာမှာနှစ်ယောက်မရှိတဲ့လူပဲ။ အချစ်ရေးမှာတော့ သူ နည်းနည်းတုံးပြီး မတည်ငြိမ်သေးတာ နှမြောစရာပါပဲ"
စန်းယွမ်ယွမ်က ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။"သူက မတည်ငြိမ်သေးတာမဟုတ်ဘူး။ မိန်းမတွေကို အတည်တကျယူချင်စိတ်မရှိရုံလေးပါပဲ"
လင်ကူးကဆိုသည်။"သူက ငယ်ငယ်လေးကတည်းကအမေကို ဆုံးရှုံးလိုက်ရတာ။ သူ့အဖေရဲ့ ကိုယ်လုပ်တော်နှစ်ယောက်ကလည်း အမြဲတမ်းသူ့ကိုဆွဲချပြီး သူတို့သားတွေကိုပဲ ထီးနန်းရစေချင်နေတာ....ကလေးဘဝကတည်းက အဲ့လိုပတ်ဝန်းကျင်မျိုးနဲ့ကြီးပြင်းရတယ်ဆိုတော့လည်း သူက နှလုံးသားအေးစက်လာတတ်တာ ဧကန်မလွဲပဲပေါ့"
"ကျွန်မ သူ့ကိုအပြစ်မတင်ပါဘူး"
စန်းယွမ်ယွမ်က ကိုယ်ကိုင်းကာ လင်ကူး၏ လက်ကို ပုတ်ပေးလိုက်၏။
"မယ်တော်နဲ့ သူ့ခမည်းတော်က ရင်းနှီးကြတဲ့ဆွေမျိုးတွေပဲလေ။ ဟန်နဲ့စန်းကလည်း အစကတည်းက သွေးရင်းညီအစ်ကိုတွေလိုပဲမလား။ လင်ကူး စိတ်ချပါ။ဟန်ပြည်နယ်နဲ့ စိတ်ဝမ်းကွဲတာမျိုး ဘယ်တော့မှမဖြစ်အောင် ခမည်းတော်နဲ့ အစ်ကိုတော့်ကို ကျွန်မနားချပေးပါမယ်"
လင်ကူးက ဝမ်းနည်းနောင်တတွေဖြင့် ပြည့်နှက်လာပုံဖြင့်"မင်းသမီး...မင်းသမီးတကယ်ပဲရင့်ကျက်လာပြီပဲ!။ဒါနဲ့.... အခုဆို ဟန်ဘုရင်ကလည်း အဲ့ဒီမိန်းမရဲ့မျက်နှာကို ဖျက်ဆီးလိုက်ပြီပဲ။ မင်းသမီး သူ့ကို အခွင့်အရေးပေးဖို့စဥ်းစားပေးဦးမှာလား"
စန်းယွမ်ယွမ်က ခေါင်းကိုအသာအယာခါပြလိုက်သည်။
သူမဟာ တခြားတစ်ယောက်နှင့် ကတိပြုပြီးသွားပြီ ဖြစ်၏။
ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်က သူမနှုတ်ခမ်းထောင့်မှာပေါ်လာသည်။ သို့ပေမဲ့ အပြုံးကပြန့်ကားမလာရသေးခင်မှာပင် မျက်မှောင်ကြုတ်သွားရလေသည်။
သူမ ထိုမြားစိုက်ရာအနေအထားကို အမှတ်ရမိသွား၍ ဖြစ်၏။
ကြည့်ရတာ နှလုံးနှင့်အတော်နီးပုံပင်။
ထိုစဥ်ရုတ်တရက် ရထားလုံးလိုက်ကာက ဆွဲတင်ခံလိုက်ရကာ စန်းအိမ်ရှေ့စံ၏ အမူအရာက လေးနက်စွာဖြင့် ပေါ်လာသည်။

أنت تقرأ
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
عاطفيةစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️