အပိုင်း ၆၈

3.5K 465 4
                                    

Unicode
  
စာအုပ်ထဲက အဆုံးသတ်က ဖြစ်လာတော့မည်ဆိုတာ စန်းယွမ်ယွမ် သိနေသည်။
  
ဤစစ်ပွဲပြီးသည့်နောက် သည်နားဝန်းကျင်က လူဘယ်နှစ်ယောက်လောက် အသက်ရှင်ကျန်မလဲ မသိရုံသာပင်။
  
ယုံးဝူမင့်ကတော့ စာအုပ်ထဲမှာ ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ အကယ်၍များ သူသာ သူ့ကိုယ်သူ ကာကွယ်ဖို့ စိတ်ပျံ့လွင့်နေခဲ့လျှင် ဖြစ်ကောင်းဖြစ်နိုင်သည်က...။
  
သူမနှလုံးသားက ရုတ်ချည်း အေးစက်သွားရသည်။
  
မတူသည့်အချိန်နှင့်နေရာကို ကူးပြောင်းလာရခြင်း၏ တိုတောင်းသောခရီးစဥ်က သည်လို အဆုံးသတ်ဖို့တဲ့လား။
  
အကယ်၍ သူမက ယုံးဝူမင့်၏ သေခြင်းကိုဖြစ်စေခဲ့သည်ဆိုပါက ၎င်းက ဤကမ္ဘာကြီးအား ကပ်ဆိုးအများအပြားကနေ ကယ်တင်သလိုဖြစ်စေကာ အချိန်ဖြုန်းနေစရာလည်း မရှိတော့ပေ။
  
သူမ စိတ်ထဲမှာ တွေးနေရင်းကိုယ့်ကိုယ်ကိုယ် ရယ်မောမိသွားသည်။
  
ထိုအခိုက် တစ်နေရာကထွက်လာသော လေနှင့်မိုးကြိုးသံလို ခပ်တိုးတိုးသံတွေက မသဲမကွဲထွက်လာသည်။
  
မိုးထစ်ချုံးသံကြီးက ဂိတ်တံတိုင်းဆီပြေးလာတာ ဖြစ်နေကာ တုန်ခါနေသောအသံများက တဖြည်းဖြည်း နီးကပ်လာသည်။
  
"ဒါက..."
  
မြင်လိုက်ရသည်က အတွင်းမဟာတံတိုင်းဆီ က ကွေ့ကွေ့ကောက်ကောက်လာနေသောမီးလျှံနဂါးကြီးတစ်ကောင်ပင်။ အရှိန်က အလွန်မြန်ကာ စန်းပြည်နယ် ဟူသော အလံကြီးဟာဖြင့် လေထဲမှာ တလွင့်လွင့်ရှိနေလျက်။
  
စန်းဘုရင် ရောက်လာချေပြီ။
  
ဖြစ်ပုံက သည်လိုဖြစ်၏။စန်းဘုရင်ဟာ သံချပ်ကာတပ်ကို ဦးဆောင်ကာ အတွင်းမဟာတံတိုင်းကို တိုက်ရိုက်ဝင်တိုက်ခိုက်လိုက်သည်မို့ ကွေ့ပတ်သွားရမည့်လမ်းအများစုကို သက်သာသွားစေကာ လမ်းခရီးကို နေ့တစ်ဝက်လောက် တိုသွားစေခဲ့တာပင်။
  
ခြင်္သေ့တစ်ကောင်၏ ဟိန်းသံ၊ ခေါင်းလောင်းတစ်ခု၏ ကျယ်လောင်သံကဲ့သို့သော အသံက ကျယ်ပြန့်လှသော ကြားခံမြေကိုဖြတ်ကာ အတွင်းနှင့်အပြင် မဟာတံတိုင်းကြားမှာ ပဲ့တင်ထပ်သွားလေသည်။
  
"စန်းချန်မင်က ပုန်ကန်သွားပြီ။ မင်းတို့တွေက သူ မတရားလုပ်တာကို ကူညီမှာလား။ မြန်မြန်လက်နက်ချကြမှာလား!"
  
"ခုထိ မြန်မြန် လက်နက်မချကြသေးဘူးလား!
  
"မြန်မြန် လက်နက်ချကြလေ!"
  
ဂိတ်တံခါးကြီးက ပွင့်လာကာ စွမ်းအားအပြည့်၊ တက်ကြွမှုအပြည့်ရှိသော ကျားနှင့်ဝံပုလွေကဲ့သို့သော လူစုကြီးဟာ ဂိတ်တံခါးကနေ ထွက်လာကြသည်။ သူတို့ဟာ တစ်လိမ့်လိမ့်ပြေးနေသည့် နတ်ဆိုးလှိုင်းများပေါ်နင်းကာအပိုင်းပေါင်း ထောင်ချီအောင်ရင်စက်စွာဖြင့်စုတ်ဖြဲပစ်ကြလေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz