အပိုင်း ၁၆

4.9K 618 2
                                    

Unicode

  
ဘုရင်ငယ်လေးက အမြန်လှည့်လာကာ သူမထံလှမ်းလာသည်။ သူ့အကြည့်တွေက အနည်းငယ်သော အပြစ်ရှိစိတ်ဖြင့် ဖျတ်ခနဲလက်သွား၏။
  
"သူတို့ကို မသတ်နဲ့"

သူမက ဆိုလိုက်သည်။

"တစ်ယောက်ကိုမှ မသတ်နဲ့"
  
"ကောင်းပြီ! ကိုယ်ကတိပေးတယ်"
  
"အပြစ်လည်း မပေးနဲ့"

သူမက စကားဆက်လိုက်၏။

"ဒီကိစ္စက ရှင့်ကြောင့်ဖြစ်တာ။ တစ်ယောက်ယောက်ကို အပြစ်ပေးချင်ရင် ရှင့်ကိုယ်ရှင်သာ အပြစ်ပေးလိုက်"
  
ခုချိန်မျိုးက အပြစ်ကိုဆေးကြောသန့်စင်ဖို့ အသင့်တော်ဆုံးပင်။
  
ဟန်ရှောင်လင်က ဒေါသမထွက်ရုံသာမက သူ့မျက်လုံးတွေက ပိုတောင်နူးညံ့လို့သွား၏။

"ကိုယ် မင်းစကားကိုနားထောင်ပါ့မယ်။ စန်းအာ...မင်းက သိပ်ကိုကြင်နာတတ်တာပါပဲကွာ"
  
"ဟင်း....ဒါဆိုလဲ သူတို့ကို ဂရုစိုက်လိုက်ပါဦး"
  
ထို့နောက်မှာတော့ နယ်မြေတစ်ခုလုံး၏ အရှင်သခင်ဟာ ဂရုတစိုက်ဖြင့် နောက်ပြန်ဆုတ်သွားတော့သည်။
  
ခုလေးတင် နန်းတော်ထဲရောက်လာသည့် အမျိုးသမီးကျင့်ကြံသူဟာ စိတ်အေးလက်အေးဖြစ်သွားကာ ဟန်ရှောင်လင် ထွက်သွားချိန်မှာတော့ သူမက စန်းယွမ်ယွမ်ရှေ့မှာ ဒူးတစ်ဖက်ကို အမြန်ထောက်ချလိုက်လေသည်။

"မင်းသမီး!"
  
သူမက စန်းယွမ်ယွမ်ကို မော့ကြည့်သည်။ ချစ်ခြင်းမေတ္တာတို့ ဖော်ပြနေသည့် ထိုမျက်ဝန်းအစုံဟာ တစ်စုံတစ်ရာကိုပင် ထုတ်ပြောတော့မယောင်ဖြစ်နေကာ တကယ့်အဒေါ်ရင်းတစ်ယောက်အလား။

စန်းယွမ်ယွမ် : "......"

ငါသူ့ကို မသိဘူးဟ။ ခု ဘယ်လိုလုပ်ရမတုန်း။
  
"ကျေးဇူးပြုပြီး ထပါ။ စကားပြောရအောင် ကျွန်မရဲ့အတွင်းနန်းဆောင်ထဲ လိုက်ခဲ့ပါ"

သူမက ကြီးမားသည့်အိပ်ခန်းထဲရှိရာ လှည့်ထွက်လာခဲ့လိုက်သည်။
  
ဤအခြေအနေက ကိုင်တွယ်ဖို့ သိပ်တော့မခက်ခဲလှ။အတိတ်မေ့တာမျိုးက အလုပ်ဖြစ်လောက်မည်ပင်။
  
"ကျွန်မနိုးလာတော့ တော်တော်များများ မေ့သွားတယ်"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now