အပိုင်း ၂၅၈ ၂၅၉ ၂၆၀

1.3K 188 3
                                    

အပိုင်း ၂၅၈

သူမ ပန်းပွင့်ချပ်လွှာအကျယ်ကို လျော့တွက်မိသွားသည်မို့  ကျောက်တုံးဂိတ်မှာ တွဲလောင်းကျနေသော ပန်းပွင့်၏ အစွန်းနားကတစ်စိတ်တစ်ပိုင်းကို မတော်တဆဖော်ပြမိသလို ဖြစ်သွား၏။

စိတ်ထဲမှာ အေးစိမ့်သွားမှုနှင့်အတူ သူမက နေကြာပန်းကြီးကို မတ်မတ်ရပ်ဖို့ အမြန်ထိန်းချုပ်လိုက်ရသည်။

ရုတ်တရက် ပန်းပွင့်ကြီးက ကျောက်တုံးဂိတ်နောက်ကွယ်မှာ အရွယ်အစားကျုံ့ဝင်သွား၏။

ယုံးဝူမင့်က ထိုအချင်းအရာကို နှုတ်ခမ်းမဲ့လျက်သား ကြည့်နေလေသည်။

စန်းယွမ်ယွမ် စိတ်သက်သာရာရစွာ သက်ပြင်းချရင်း နေကြာပန်းပွင့်ကြီးအား ပါးလျသောဝိညာဥ်စွမ်းအားချည်မျှင်ကို ရက်စေကာ လှိုဏ်ဂူအစွန်းတစ်လျှောက် အတွင်းသို့ တွားဝင်သွားခိုင်းလိုက်သည်။

ဝိညာဥ်စွမ်းအားချည်မျှင်က မီးတောက်များ၏ တောက်ပသောအလင်းရောင်အောက်မှာ ထွင်းဖောက်မတက်ကြည်လင်နေသည်မို့ တစ်စုံတစ်ယောက်ကသာ အနီးကပ်မကြည့်ပါက တွေ့ရှိမည်မဟုတ်ချေ။

စန်းယွမ်ယွမ်၏ စိတ်စွမ်းအားကလည်း ဝိညာဥ်စွမ်းအားချည်မျှင်တွေနောက်လိုက်ကာ မီးလှိုဏ်ဂူ၏ အနက်ပိုင်းထဲသို့ အမြန်ခိုးဝင်သွားလိုက်လေသည်။

သူမ ဘယ်နှစ်ခါလောက်ကွေ့လိုက်ရသည်မသိချေ။ ထို့နောက်မှ ရုတ်တရက်ဆိုသလို မျက်ဝန်းတို့က တောက်ပသွား၏။

ရှန်းဟော်မျိုးနွယ်စုက ခေါင်းဆောင်က စန်းပုကျင့်လက်ကိုကိုင်ထားကာ နှစ်ယောက်သားက လိမ္မော်ရောင်တောက်နေသည့်ကျောက်တုံးစင်မြင့်အောက်မှာ ရပ်နေလေသည်။

ကျောက်တုံးစင်မြင့်ပေါ်၌ မိန်းမပျိုငယ်လေးတစ်ယောက်က ခြေချိတ်ကာထိုင်နေသည်။

မိန်းကလေးကိုယ်ပေါ်မှာ ချည်မျှင်တစ်စတောင်မရှိချေ။ သို့ငြား မြင်သူတိုင်း ထိုအချင်းအရာအပေါ် မကောင်းစိတ်တွေးနိုင်မည်မဟုတ်။

အကြောင်းမူ မိန်းကလေး၏ ခန္ဓာကိုယ်က မီးတွေတောက်နေသောကြောင့်ပင်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now