အပိုင်း ၉၂

3K 386 3
                                    


Unicode


"ဟန်ဘုရင် ကျွန်မ စဥ်းစားပေးပါမယ်"

စန်းယွမ်ယွမ်က ယဥ်ကျေးစွာ ခေါင်းညိတ်ပြရင်း

"အခု ရှင်ကျွန်မလက်ကို လွှတ်ပေးလို့ ရပြီလား"

ခုချိန်မှာ သူမသာ သူနှင့် ပတ်သက်ဆက်နွယ်သမျှဖြတ်မည်ဘာညာတစ်ခုခုပြောလိုက်ပါက ယင်းဟာသူမအနေဖြင့် အတိတ်ကိုဂရုစိုက်နေဆဲဖြစ်ကာ သူ့အားစိတ်ဆိုးနေတုန်းပဲ အထင်ရောက်သွားစေမည်ပင်။

သူမ၏ တည်ငြိမ်နေမှုက ဟန်ရှောင်လင်မျက်လုံးထဲမှာတော့ ပို၍သာ ဝမ်းနည်းပက်လက်ဖြစ်ရစေလေသည်။

သူ ရှင်းရှင်းလင်းလင်းသဘောပေါက်သွားပြီဖြစ်သည်။ဤအမျိုးသမီးသည် သူ့ကိစ္စတွေကို လုံးဝကိုဂရုမစိုက်တော့ချေ။ ယခင်က ချစ်မေတ္တာပင်ဖြစ်စေ၊ မုန့်ဝူယုံးပင်ဖြစ်စေ သူမအပေါ်မှာ သက်ရောက်မှုမရှိတော့ပါချေ။

သူက သူမလက်အားကိုင်ထားဆဲဖြစ်သည်မှာ နောက်ဆုံးသောအသက်ကယ်ကောက်ရိုးမျှင်ကို ဆွဲဆုပ်ထားသည့်အလား။

အိမ်ရှေ့စံက ရှေ့တိုးလာကာ သူ့လက်ချောင်းတွေကို တစ်ချောင်းချင်းစီ ကလော်ဖွင့်လေသည်။

သူ့လက်ချောင်းတွေက အဖြူရောင်ပင်သမ်းလာပင်ဖြစ်သည်။လွှတ်ပေးဖို့ဆန္ဒမရှိတာကြောင့် သူမလက်အနောက်ဘက်မှာဆို အနီရောင်အမှတ်တွေပင် ပေါ်လာချေပြီ။

"ကွာရှင်းပြီးမှတော့ မင်းဘာလို့ ဒီလိုဟန်ဆောင်ပန်ဆောင် လက်ဟန်အမူအရာတွေ လုပ်ပြနေတာလဲ"

အိမ်ရှေ့စံက သရော်လိုက်ရင်း

"ကြောင်နဲ့ကြွက်လို ကစားတယ်။ ရှေ့နှစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်တယ်။ အဲ့ဒီစကားလုံးတွေကို ဟန်ဘုရင်အနေနဲ့ကိုယ့်ဟာကိုယ် သိမ်းထားတာကောင်းလိမ့်မယ်! ဒါမှ တခြားလူတွေ ဟာသလုပ်မှာကို ရှောင်နိုင်မှာပေါ့ဗျ"

ဟန်ရှောင်လင်က ခါးသီးစွာပြုံးရင်း သူ၏ အနက်ရောင်မျက်ဝန်းတွေကတော့ စန်းယွမ်ယွမ်မျက်နှာကိုသာ မမှိတ်မသုန်ကြည့်နေသည်။

အမျိုးသမီး ဧကရာဇ်က ပျော်ရွှင်စွာ ဆိုလာ၏။

"ဟိုးရှေးတုန်းကတည်းက သူရဲကောင်းတွေတောင်မှ အလှလေးတွေအပေါ်ကြွေဆင်းရတယ်။ဟန်ဘုရင် ...ဒီဧကရာဇ်လည်း နားမလည်နိုင်ဘူး။ ဆုံးရှုံးပြီးမှ မြတ်နိုးတန်ဖိုးထားတတ်ဖို့ထိ ဘာလို့စောင့်နေသလဲကွဲ့"

"ကျွန်တော့်အမှားတွေပါ"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora