Unicode
ညစာ စားပြီးနောက် အဝေးတစ်နေရာကနေ တီးလိုက်သည့် တိုးတစ်ခါ ကျယ်တစ်လှည့်ဗုံသံတွေက ထွက်ပေါ်လာသည်။ ယင်းက ဟန်ပြည်နယ်ထဲ ရောက်ရှိလာပြီဖြစ်သော ယုံးပြည်နယ်၏ ဘုရင် ယုံးဝူမင့်မှန်း စန်းယွမ်ယွမ်သိလိုက်လေသည်။
သူမက နေဝင်လာခြင်းကြောင့် တဖြည်းဖြည်းရွှေရောင်သမ်းလာသော မှန်ကူကွက်ပြတင်းပေါက်ကိုကြည့်နေမိကာ ခဏအကြာမှာ အသံဖွဖွဖြင့် စကားဆိုလိုက်၏။"လင်ကူး ကျွန်မကို တစ်ခုလောက် ကူညီပေးပါ"
"ဟုတ်ကဲ့ပါ!"လွန်ခဲ့သည့်တစ်စက္ကန့်က သွေးရင်းသားရင်း အဒေါ်တစ်ယောက်၏ ကြင်နာမှုမျိုးဖြင့် ပြည့်လျှမ်းနေသော လင်ကူး၏ အပြုံးက နောက်တစ်က္ကန့်အကြာမှာပင် လေးနက်ကာ ပုံမှန်ဖြစ်သည့်မျက်နှာထားသို့ ချက်ချင်းကူးပြောင်းသွား၏။သူမက လက်တစ်ဖက်ကို လက်သီးဆုပ်၍တစ်ဖက်က အပေါ်ကအုပ်ကိုင်ကာ ရင်ဘတ်ရှေ့မှာထားရင်း ဦးညွတ်၍ အရိုသေပေးလိုက်သည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဒါမျိုးပါ
"ကျန်းကျင်ယွမ်ကို သတိလစ်သွားအောင် ရိုက်ပြီး ယုံးယင်ယွဲ့ရဲ့အိပ်ခန်းထဲ ထည့်ထားလိုက်ပါ။ ပြီးရင် ယုံးယင်ယွဲ့ကိုပါ သတိလစ်အောင် ရိုက်ထားလိုက်ပါ"
"ဟုတ်ကဲ့!.....ဟမ်!"လင်ကူး၏ မျက်ဝန်းထောင့်တွေက နှစ်ကြိမ်မျှ ခပ်ပြင်းပြင်းရှုံ့သွားပေမဲ့ သူမက များများစားစားမမေး။ အမိန့်ကိုလက်ခံ၍သာ ထွက်သွားတော့သည်။
ဤအချိန်မှာ ဟန်ရှောင်လင်ကတော့ ကြီးမြတ်လှသည့် နတ်ဆိုးဘုရင်ကြီးကို ကြိုဆိုဖို့ မြို့တော်ဂိတ်ကို သွားနေရပြီဖြစ်သည်။
ယုံးဝူမင့်ဟာ နတ်ဆိုးအန္တရာယ်ကိုဖြေရှင်းရာမှာ ဟန်ဘုရင်ကို ကူညီရမည်ဟူသော ထျန်တု၏ အမိန့်ကို ကိုင်ဆောင်ထားသည်ဆိုသော်ငြား ထိုသူဟာ အရူးတစ်ယောက်ဖြစ်သည်။ထိုသူသာ စိတ်ဖောက်သွားလျှင် စစ်တပ်ကို တိုက်ရိုက်ဦးဆောင်ကာ ဟန်ပြည်နယ်ကို အစုလိုက်အပြုံလိုက် သတ်ပစ်မလား၊ မသတ်ပစ်ဘူးလား ဆိုတာကို ဟန်ရှောင်လင် အာမ မခံရဲပေ။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️