အပိုင်း ၂၄

4.5K 583 13
                                    

Unicode

  
စန်းယွမ်ယွမ်က စိတ်ဝင်တစားဖြင့် ပါးပေါ်လက်ထောက်ထားလိုက်၏။
  
သည်နေရာမှာ ယုံးဝူမင့်ကို တားနိုင်သည့်လူမရှိဘူးဆိုတာ သူမသိသည်။စာအုပ်ထဲမှာလည်း သူဟာဤနှယ်ပင် ဓါးကိုဆွဲထုတ်၍ ကျန်းကျင်ယွမ်ကို သတ်ပစ်မည်ဟု ဆိုကာ အမှန်တကယ်ကြီး သတ်ပစ်ခဲ့၏။ဟန်ရှောင်လင်မှာ လုံးဝကြီးကို ကူကယ်ရာမဲ့ခဲ့ရပေသည်။
  
မုန့်ဝူယုံးအတွက်ကတော့....စန်းယွမ်ယွမ်သည် ခုချိန်မှာဟန်ရှောင်လင်သည်လည်း မုန့်ဝူယုံးကို ၈ပိုင်းလောက် ပိုင်းချင်နေလောက်သည်ဟု တွေးမိသွားရသည်။
  
ဇာတ်လိုက်နှင့် ဇာတ်လိုက်မက အလွယ်တကူ မသေနိုင်ပေမဲ့လည်းပေါ့လေ။
  
မုန့်ဝူယုံးက ယုံးဝူမင့်၏ စားပွဲရှေ့မှာ လဲကျသွားကာ စကပ်က လန်သွားပြီး ကြာပန်းဖြူ၏ အမြစ်ကဲ့သို့ ခြေသလုံးသားက ပေါ်လာလေသည်။ သို့ပေမဲ့ သူမမှာ ဖိုးဖိဖို့ စိတ်မရောက်နိုင်သေး။
  
သူမဟာ လုပ်ကြံမှုမှာ မျှော်လင့်ချက်မရှိတော့မှန်း မြင်လိုက်ရသည်နှင့် ခံပြင်းဒေါသထွက်လာသည်။ စိတ်ပျက်မှုတွေနှင့်အတူ  ဟန်ရှောင်လင်ဘက်လှည့်ကာ အော်ဟစ်လိုက်လေ၏။

"ယုံးဝူမင့်က အသည်းနှလုံးမရှိတဲ့လူ၊ အပြစ်မရှိတဲ့လူတွေကို မဆင်မခြင်သတ်ပစ်ခဲ့တာ။ သူ့လိုလူကို ကောင်းကင်ဘုံကတောင် သည်းခံပေးမှာမဟုတ်ဘူး! ဟန်ရှောင်လင် ရှင် လူမှဟုတ်ရဲ့လား! နတ်ဆိုးတစ်ယောက်က ရှင့်ရှေ့မှာရပ်နေတာတောင် ရှင်ကသူနဲ့အတူ စားလိုက်သောက်လိုက်လုပ်ပြီး စိတ်အေးလက်အေး နေနေသေးတယ်! ရှင်သာ ယောက်ျားဆို ဒီနေ့ပဲ သူ့ကို သတ်ပစ်လိုက်စမ်းပါ။ အကျိုးမဲ့သေသွားရတဲ့လူတွေအတွက် လက်စားချေပစ်လိုက်စမ်းပါ!"
  
ဟန်ရှောင်လင်မှာ ခဏမျှ ရှော့ခ်ရသွားကာ သူ့နှုတ်ခမ်းက အနည်းငယ်လှုပ်ရှားသွားသည်။ စန်းယွမ်ယွမ် သူဘာပြောလဲဆိုတာကို ခံစားမိလိုက်ပါ၏။

မင်းရူးနေလား တဲ့လေ။

ယုံးဝူမင့်၏ ခြေထောက်က စားပွဲပေါ်သို့ တက်နင်းလိုက်ရင်းမှ ထိုစကားကိုကြားတော့ ပေါ့ပြက်ပြက်ရယ်သွမ်းလိုက်ကာ လက်ထဲက လူတစ်ဝက်စာမျှရှည်သောအနက်ရောင်ဓါးကြီးကို မြှောက်လိုက်တော့သည်။
  
သေခြင်းနှင့်ရှင်ခြင်း လွန်ဆွဲနေသည့် ထိုအခိုက်အတန့်မှာ အရိပ်ကဲ့သို့ လူတစ်ယောက်က ယုံးဝူမင့်နောက်ကနေ ခုန်ထွက်လာကာ မုန့်ဝူယုံးရှေ့၌ ကာဆီး၍ ဒူးထောက်လိုက်ရင်း အော်လာလေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Onde histórias criam vida. Descubra agora