အပိုင်း ၆၄

3K 403 1
                                    

Unicode
  
"ဘယ်လိုနေသေးလဲ"

ယုံးဝူမင့်က မျက်လုံးအကြည့်ကို အနည်းငယ်လွှဲဖယ်ရင်း အလှလေး ဟူသော ခေါင်းစဥ်ကနေ လမ်းကြောင်းပြောင်းလိုက်သည်။
  
"လက်တွေ နာတယ်"

စန်းယွမ်ယွမ်က ပွင့်ပွင်းလင်းလင်းပင် မယဥ်ကျေးစွာ မကျေမနပ်ပြောလိုက်၏။

"ဓါးက အရမ်းလေးလွန်းတယ်။ ကျွန်မနဲ့ မသင့်တော်ဘူး"
  
"နောက်မှ ကောင်းတာရှာပေးမယ်"
 
ယုံးဝူမင့်က ခေါင်းကိုခပ်ဖြည်းဖြည်းလှည့်ကာ ဟန်ရှောင်လင်ကို ကြည့်လိုက်သည်။
  
ဟန်ရှောင်လင်မှာ သူ့ဆံပင်တစ်မွေးချင်းစီတိုင်းက မသက်မသာဖြစ်လာတာကို ခံစားလိုက်ရသည်။ သူအသက်ပြင်းပြင်းရှုကာ ပြောလိုက်၏။

"ခုညရဲ့ 'လှိုင်းလုံးပြန်ချီ' က သန်းခေါင်လောက်မှာစလိမ့်မယ်။ အနည်းဆုံး ငါးနာရီလောက်ကြာလိမ့်မယ်။ မင်းနဲ့ငါနဲ့ အသင်းအဖွဲ့တစ်ခုအနေနဲ့ အလုပ်ကြိုးစားမှ ဖြစ်မယ်"
  
စန်းယွမ်ယွမ်က နှုတ်ခမ်းနှစ်လွှာကို အသာစေ့လိုက်သည်။ ဤအချိန်လောက်ဆို စန်းဘုရင်ရောက်လာဖို့ လုံလောက်ပေသည်။
  
သို့သော်လည်း စန်းဘုရင်ရောက်လာ၍ အတွင်းမဟာတံတိုင်း၏ဂိတ်တံခါးကို ဖွင့်ပေးမည်ဆိုလျှင်တောင် ယုံးနှင့်ဟန် တပ်မဟာနှစ်ဖွဲ့အနေဖြင့် ဆယ်လီကျော်ကျော်လောက်ကျယ်ပြန့်သည့် ကြားခံနယ်မြေကိုဖြတ်၍ အတွင်းမဟာတံတိုင်းကို ပြန်သွားဖို့အတွက် 'ထစ်ချုံးမြည်လှိုင်းစည်'ကိုရော 'လှိုင်းလုံးပြန်ချီ'ကိုပါ တောင့်ခံထားဖို့ဆိုတာ မဖြစ်နိုင်ပေ။
  
သူတို့ ဒီနေရာကနေပဲ ခိုင်ခိုင်မာမာ စောင့်နေဖို့ ရှိတော့သည်။
  
လူတိုင်းဟာလည်း ဤစစ်ပွဲက ဘယ်လောက်ကြောက်စရာကောင်းလဲကို သတိပြုမိနေပြီ ဖြစ်သည်။
  
ဟန်ရှောင်လင်မျက်နှာက အနည်းငယ်ရှုံ့မဲ့သွား၏။

"စန်းပြည်နယ်ကိုမှ မဖျက်ဆီးရရင် ငါအဲ့ကိစ္စကို ဘယ်တော့မှလက်မလျော့ဘူး"
  
"ကျစ်"

ယုံးဝူမင့်က သရော်သည်။

"မင်းမှာ အသက်ပိုရှိနေရင် အဲ့လို ကြမ်းတမ်းတဲ့စကားတွေ ထပ်ပြောကြည့်လိုက်လေ"
  
ဟန်ရှောင်လင်က သူ့မျက်လုံးထဲက ရက်စက်ရန်လိုမှုတွေကို ဖိနှိပ်ကာ လက်ထဲက ဧရာမငွေရောင်ပုဆိန်သွားတပ်လှံရှည်ကို မြှောက်ကာ ယုံးဝူမင့်ထံ အပြုံးနှင့် ဆိုလိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now