အပိုင်း ၇၈

2.9K 399 1
                                    

Unicode


"နောက်ရက်လောက်ကျရင် ရှင် ကျွန်မကို ထိမ်းမြားခွင့်တောင်းဖို့ လာပေးနိုင်မလား"

ထိုစကားတွေ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် စန်းယွမ်ယွမ်သည် "ဝုန်း..."ဟူသောအသံကို ကြားလိုက်ရပြီး သူမမှာတော့ သွေးတွေက နဖူးဆီ ဆောင့်တိုးလာကာ တစ်ခေါင်းလုံးက ပေါက်ကွဲထွက်မတက် နာလာတော့သည်။

ယုံးဝူမင့်၏ ရူးနှမ်းမှုကိုတားဆီးရန်မှာ ဤတစ်နည်းသာ ရှိဟန်တူသည်။

ယုံးဝူမင့် ဘယ်လောက် အင်အားကြီးလဲ သူမအသိပင်။

ဒဏ်ရာရ၍ အကန့်အသတ်သို့ တွန်းပို့ခံရသော ရက်စက်သည့်သားရဲများဟာ ပြန်တိုက်ခိုက်ချိန်၌ ကြောက်စရာအကောင်းဆုံးပင် ဖြစ်၏။

အကယ်၍ သူတို့သာ တိုက်ခိုက်ကြပါက ဖြစ်လာသော စစ်ပွဲ၏ ဆုံးရှုံးပျက်စီးမှုနှင့် ပြင်းထန်မှုဟာ မဟာတံတိုင်းကို ကာကွယ်ရသော ဆုံးရှုံးမှုထက် နည်းမှာ မဟုတ်ပေ။

စန်းယွမ်ယွမ်သည် သူမထိုစကားပြောလိုက်တာက ယုံးဝူမင့်ကို တည်ငြိမ်အောင်ထိန်းထားဖို့ပဲဆိုတာ သူမစိတ်ထဲမှာ သိနေပေမဲ့လည်း ထိုစကားလုံးများ ထွက်လာပြီးနောက်မှာတော့ သူမ၏ နှလုံးခုန်သံတွေက ပိုမိုပြင်းထန်လာတော့သည်။

ထိတ်လန့်မှုနှင့် စိတ်တုန်လှုပ်မှုများဟာ သူမနှလုံးသားထဲမှာ ရောယှက်နေပြီး နှလုံးသားက ခဲဆွဲထားသလို နာကျင်လာရသည်။

သူမ သူ့ဆီကနေ ပျင်းရိပျင်းတွဲ အေးအေးလူလူနှင့် ဆိုသော "ကောင်းပြီ"ဟူသော စကားကိုကြားချင်မိပါ၏။

ကျောက်စိမ်းပြား၏ တစ်ခြားဖက်မှာ ဒုန်းစိုင်းပြေးနေသော ခွာသံပြင်းပြင်းများနှင့် လေတိုးသံ တဟူးဟူးကို ကြားနေရသော်လည်း စန်းယွမ်ယွမ်မှာ သေစေလောက်သည့် တိတ်ဆိတ်မှုကိုသာ ခံစားရမိနေသည်။

သူမ အာရုံစိုက်နားထောင်နေရင်း တုန်ယင်လာမှုကို ကာကွယ်ရန် လက်နှစ်ဖက်ကို ယှက်ထားမ်သည်။

သို့ငြား ကျောက်စိမ်းပြား ကွဲကြေသွားသည့်တိုင်အောင် ထိုလူ၏ အသံကို သူမ မကြားခဲ့ရပါချေ။

သူ မကြားလို့များလား။

စန်းယွမ်ယွမ်မှာ မိန်းမောစွာ တွေးနေရင်းမှ ရထားလုံး၏ လိုက်ကာကို မ,တင်ကာ ခုန်ဆင်းလာခဲ့လိုက်သည်။

တိုက်ဆိုင်စွာပင် သူတို့နောက်က တောင်ကုန်းလေးပေါ်ကနေ သံချပ်ကာတပ်၏ ပထမဆုံးအတန်းလိုက်က ပေါ်လာလေသည်။

လရောင်အောက်မှာ အနက်ရောင်သံချပ်ကာများဟာ အေးစက်သည့်အလင်းနှင့်အတူ တောက်ပနေလျက်။

သူတို့ကို ဦးဆောင်လာသော လူမှ လွဲ၍ပင်။

အကွာအဝေးက လှမ်းနေပေမဲ့လည်း တစ်ဖက်ခြမ်းက ဘုရင်ဖြစ်သူဟာ အဖြူရောင်ဝတ်ရုံတစ်ခုတည်းသာ ဝတ်ထားတာကို မြင်နိုင်လေသည်။ သူ့ဆံပင်တွေက မခြောက်သေးပေ။ လေထဲ၌ တလူလူလွင့်လျက်ရှိပေသည်။

သူက အထက်စီးဆန်သည့် အမူအရာနှင့်အတူ လက်တစ်ဖက်က ဓါးတစ်လက်ကို ကိုင်ဆောင်ထား၏။

ထိုလူသည် အင်မတန်ထူးခြားသည်။ မျက်နှာကို သေချာမမြင်ရလျှင်တောင် သူတို့တွေကတော့ လူမှားမည်မဟုတ်တာ အသေချာပင်။

တောင်ထိပ်ပေါ်ရောက်လာသော သံချပ်ကာတပ်များ၏ ကြောက်စရာကောင်းသော ဖိအားမှာ လူတွေကို ဆံပင်များထောင်ထသွားစေ၍ အသက်ရှုသံများပင် အေးစက်သွားရစေသည်။

အပေါ်ကနေ ဆင်းချလာကြချိန်မှာ သွမ်မင့်၏ အမြန်နှုန်းက ပိုလို့တောင်မှ မြန်ဆန်လာသည်။

စန်းယွမ်ယွမ်မှာ စိမ်းပြာရောင်အလင်းတန်းတို့ ထုတ်လွှင့်နေသော ထိုဧရာမဓါးနက်ကြီးက စန်းပြည်နယ်က လူတွေ၏ အသွေးနှင့်အသားကို မရေတွက်အောင်ခုတ်ထစ်ကာ အရိုးတွေကို ဖြတ်တောက်ပစ်လိုက်တာကိုတောင် မြင်လိုက်ရသယောင် ခံစားလိုက်ရချေသည်။

လင်ကူးက စန်းယွမ်ယွမ်အား စိုးရိမ်တကြီးဖြင့် လှမ်းဆွဲသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now