အပိုင်း ၃၁၃
စန်းယွမ်ယွမ်က ဟန်ရှောင်လင်အား အတော်လေး အားနာရှက်ရွံ့နေသောအပြုံးဖြင့် ထပ်ကြည့်ကာ
"ဟန်ဘုရင် ဒါက..."
ဟန်ရှောင်လင်ကတော့ ကြက်သေသေသွားတာကြာလှပြီဖြစ်သည်။
ခုနလေးတင် ရွှေကမာ၏ ရစ်နွယ်ခြင်းခံရသော အမတမျိုးနွယ်လိုအမျိုးသမီးကိုမြင်ရချိန်မှာ သူ့နှလုံးသားထဲ၌ မိုးကြိုးတစ်ခု လှိမ့်နေသည့်အလားပင်။
သည်လိုအံ့ဖွယ်အမျိုးသမီးမျိုးကို သူ့လက်ထဲက အလွတ်ခံလိုက်မိခြင်းအတွက် သက်ပြင်းသာရှိုက်လိုက်နိုင်သည်။ တကယ့်ကို သူ့ဘဝ၏ အကြီးမားဆုံးနောင်တပင်။
ရွှေကမာက စန်းယွမ်ယွမ်အား ရွေးချယ်လိုက်ခြင်းဟာ ဟန်ရှောင်လင်အတွက် တကယ်ကောင်းသောအရာဖြစ်သည်။
သူ့ဂုဏ်ဒြပ်ကို မထိခိုက်စေရုံသာမက...အကယ်၍ သူသာ စန်းယွမ်ယွမ်ကို သူ့အိတ်ထဲ ထည့်နိုင်ပါက..ဒီရွှေကမာဟာ သူ့လက်ထဲ ထပ်ရောက်နိုင်ပြီ မဟုတ်ပါလော။
ထိုနှယ်တွေးမိတော့ ဟန်ရှောင်လင် စိတ်ပါလက်ပါ ရယ်မောလိုက်ရင်း
"ချင်အိမ်ရှေ့စံပြောတာမှန်ပါတယ်။ စန်းမင်းသမီးက ရိုးသားပြီးကြင်နာတတ်တာမို့ ဒါဟာ ချင်မျိုးနွယ်ဘိုးဘေးရဲ့ မျက်နှာသာပေးခြင်းခံရတာပါပဲ။ဒါက ကောင်းတဲ့အရာပါ။ ကျုပ်လည်း ဂုဏ်ပြုလက်ဆောင်တချို့ပေးပြီး ချင်ပြည်နယ်နဲ့ စန်းပြည်နယ်တို့ တွဲဖက်ကောင်းတွေ ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်"
သူ့ဦးဆောင်မှုနှင့်အတူ ကျန်လူများကလည်း သံယောင်လိုက်ကာ သူတို့ဆန္ဒကောင်းတွေ ပေါ်လွင်အောင် လက်ဆောင်တချို့ပေးကြလေသည်။
ဟန်ရှောင်လင်နှင့် အကြံတူသော ထိုမင်းသားများဟာ လက်ဆောင်ကြီးကြီးပေး၍ တရားဝင်ယှဥ်ပြိုင်ပွဲမစခင်စန်းယွမ်ယွမ်စိတ်ထဲမှာ အမြင်ကောင်းကျန်ရန်လုပ်နေကြတာ ဖြစ်လေသည်။
စန်းယွမ်ယွမ်ကတော့ ဒီကနေ အကျိုးအမြတ်အပြည့်ရသွားချေလေပြီ။
ESTÁS LEYENDO
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️