အပိုင်း ၂

6.3K 688 1
                                    

Unicode

သို့သော်လည်း သူမမှာ ပျော်ဖို့ အချိန်တောင်မရခင်မှာပင် အိပ်ခန်းထဲက အစေခံတွေက တစ်ယောက်ပြီးတစ်ယောက် လဲကျကာ ထို့နောက်မှာတော့ ယုံးယင်ယွဲ့က လူတစ်ယောက်ကိုခေါ်လာကာ သူမအတွက် အဆိပ်ပြင်ခိုင်းလေတော့သည်။
  
သေခြင်းကိုစောင့်ဆိုင်းနေရသည့်အရသာက တကယ်ပဲ ဖော်ပြဖို့ ခက်ခဲလှသည်။
  
စန်းယွမ်ယွမ်ကတော့ နည်းနည်းလောက်ဖြစ်ဖြစ် ရုန်းကန်ကြိုးစားကြည့်ချင်သေး၏။
  
သူမ၏ လည်ချောင်းက ခပ်မာမာသစ်သားချောင်းကြီးလိုဖြစ်နေကာ နေ့တစ်ဝက်လောက်ကြိုးစားအားထုတ်ပြီးမှ နောက်ဆုံးမှာ ခပ်ခြောက်ခြောက်နှင့် တုံးပြတ်ကာ ဒွိဟဖြစ်စေသည့် စကားအနည်းငယ်ကို ထုတ်ပြောနိုင်သွားသည်။
  
"ငါသေရင်...ဟန်က...တစ်သက်လုံး သတိရနေမှာ.....နင်က..အကောင်းဆုံးဆိုတာ...ရနိုင်မှာ မဟုတ်ဘူး"
  
အသံက တိုးသော်လည်း အိပ်ခန်းထဲက လူနှစ်ယောက်နားထဲရောက်ဖို့အထိတော့ ရှင်းလင်းနေပေသည်။
  
ယုံးယင်ယွဲ့က ပါးလျလျခန်းစီးစကို ရုတ်ခနဲ ဆွဲဖွင့်လိုက်ကာ အမဲထက် မျက်သားဖြူများနေသော မျက်လုံးအစုံဖြင့် စန်းယွမ်ယွမ်ထံ စိုက်ကြည့်လိုက်သည်။
  
သူမ ဝတ်စားသည်က တောက်ပနေသောရွှေဥဒေါင်းတစ်ကောင်အလား။
  
ခပ်ပါးပါးလိုက်ကာစ ခြားထားတုန်းက အဆင်ပြေသေးသည်။ အခု လိုက်ကာစ မ,တင်ခံလိုက်ရချိန်မှာ စန်းယွမ်ယွမ်ခမျာ အလင်းတန်းတွေကြောင့် မျက်လုံးကန်းလုနီးပါး။
  
ယုံးယင်ယွဲ့က အေးစက်စက်သရော်သည်။

"နိုးပြီလား။ တကယ်နိုးလာပြီပေါ့။ သိပ်ကောင်းတယ်! ခု နင်နိုးလာပြီဆိုမှတော့ နင်ဘာလို့သေရမလဲဆိုတာ နားလည်သွားအောင်လုပ်ပေးမယ်"
  
ဗီလန်တွေက လူမသတ်ခင် စကားရှည်ရှည်ပြောရမည်။ ယင်းက ရိုးရာအစဥ်အလာပင်။
  
စန်းယွမ်ယွမ်က မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း သူမ၏ စိတ်အရှည်ဆုံးနားထောင်သူအဖြစ် လိုလားနေမှုကို အရိုးသားဆုံး ဖော်ပြပေးလိုက်၏။
  
ယုံးယင်ယွဲ့က မျက်လုံးကိုမှေးကျဥ်းကာ စန်းယွမ်ယွမ်ကို ခဏလောက်စိုက်ကြည့်နေပြီးမှ သူမ၏ ပြည့်ဖြိုးဖြိုးနှုတ်ခမ်းသားတို့က လှုပ်ရှားလာကာ အဆုံးအစမရှိ မုန်းတီးသော စကားတစ်လုံးချင်းကို ပါးလာလေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now